/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, February 26, 2013

.

၁၁၅ မိုင်ယာဉ်ရပ်နားစခန်း၌ ပြင်ပဈေးသည်များကို ရောင်းကုန် ပစ္စည်းကန့်သတ်ထား


ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းမကြီး၏ အထင်ကရနေရာ တစ်ခုဖြစ်သော ၁၁၅ မိုင်ယာဉ်ရပ်နားစခန်း၌အခြေခံ လူတန်းစား များဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးဆိုင်ငယ်များ အား စားသောက် ကုန်ပစ္စည်းများ ရောင်းချခွင့်ကို ကန့်သတ်မှုများ ပြုလုပ် ထားသောကြောင့် အဆင်မပြေ မှုများရှိနေကြောင်း အဆိုပါဈေးသည် များထံက သိရသည်။

၁၁၅ မိုင် ယာဉ်ရပ်နားစခန်းသည် ခရီးသည်တင် ယာဉ်ဖြစ်စေ၊ ကိုယ်ပိုင်ယာဉ်ဖြစ်စေမရပ်မဖြစ်ရပ်နား ရလေ့ ရှိသည်။ ယာဉ်ရပ်နားစခန်း တစ်ခုဖြစ်ကြောင်း သိရသည်။

၁၁၅ မိုင်ယာဉ်ရပ်နားစခန်း ရှိဈေးသည်အများစုကပြောကြားရာတွင် “ဒီနေရာမှာ အစ်မတို့ ဈေးရောင်း တာသိပ်မကြာသေးပါဘူး။ဒီနေရာမှအစတုန်းကဈေးသည်တွေ ရောင်းလို့မရဘူး။ အခုရောင်းလို့ ရတာ လည်း သိပ်မကြာသေးဘူး။ အခုလိုဒီနေရာမှာ ဈေးရောင်းရဖို့ကလည်း သိပ်မလွယ်ဘူး အထက် အဆင့်ဆင့်ကို တင်ပြရတယ်။ အခုရောင်းရပြန်တော့လည်း ကန့်သတ်ချက်နဲ့ သူတို့ဆိုင်ကြီးတွေမှာရှိတဲ့ အစား အသောက်တွေဆိုရင် အစ်မတို့ ဈေး ဆိုင်ငယ်တွေက မရောင်းရဘူးရောင်းတာတွေရင်မလွယ်ဘူး။ သူတို့ဈေးဆိုင်ကြီးတွေက အစ်မတို့ဆိုင်ငယ်တွေဆိုရင် ဟိုဟာမရောင်းရဒါမရောင်းရနဲ့ ကန့်သတ် ထား တယ်။ သူတို့ဆိုင်ကြီးတွေက ထမင်းရောင်းတယ်ဆိုရင် အစ်မ တို့ဆိုင်ငယ်တွေက ထမင်းမရောင်း ရဘူး။ ဒီလိုပဲအခြားဟာတွေကို လည်း ဟိုဟာမရောင်းရဒီဟာ မရောင်းရဟိုမတင်ရဒီဟာမတင်ရနဲ့ သူတို့က ပိတ်ပင်ထားတယ်”ဟုပြောကြားခဲ့သည်။

အဆိုပါဈေးဆိုင်ငယ်များသည် အစားအသောက်များထဲမှ လက်သုပ်စုံနှင့် မုန်ဟင်းခါးနှစ်မျိုးထဲကို သာရောင်းချခွင့်ရပြီး ထမင်းနှင့် အခြားသောအစားအသောက်များအား လုံးဝရောင်းချခွင့်မရကြောင်း ၎င်းတို့ ကပြောသည်။

ထမင်းဟင်းကဲ့သို့သောတန်ဖိုး ကြီးအစားအစာများကို ဆိုင်ကြီး များတွင်သာတန်ဖိုးကြီးပေးဝယ် စားရ သဖြင့် ငွေကြေးမပြည့်စုံသော ခရီးသွားများအတွက် အခက်အခဲ ရှိကြောင်း ခရီးသွား အချို့ကပြော သည်။

The Hot News

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။