/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, February 26, 2013

.

နိုင်ငံ့ဝန်ထမ်းများအား လာမည့် ဘဏ္ဍာနှစ်အတွင်း လစာ တိုးပေးနိုင်ရေး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း


လာမည့် ဘဏ္ဍာနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းများအား လစာတိုးပေးနိုင်ရေး အတွက် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းကြောင်း ယနေ့ ကျင်း ပသည့်ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် ပြောကြားသည်။

ယမန်နှစ် ဘဏ္ဍာနှစ်က၀န်ထမ်းများ အား ထောက်ပံ့ကြေး အဖြစ်ပေး ခဲ့သော ၃၀၀၀၀ ကျပ်ကို လစာငွေအဖြစ် သတ်မှတ်ပေးပြီး သာမန် အသုံးငွေမှ စိစစ်ရရှိလာသော ငွေများကို ထောက်ပံ့ငွေ အဖြစ် ဆောင်ရွက်ပေးနိုင်ပါက ပြည်ထောင်စုလွှတ်တော်မှ ပြည်ထောင်စုအစိုးရ၊ ၀န်ထမ်းများနှင့် ပြည်သူ များ၏ အကျိုးစီးပွားနှင့် လိုအပ်ဆန္ဒများအပေါ် အလေးထားပြီး လွှတ်တော်၏ ကတိတည် မှုကို ပြသရာလည်းရောက်ပါကြောင်း သူရဦးရွှေမန်းက ပြောသည်။

"အောက်ခြေ၀န်ထမ်းတွေ အဆင်မပြေဘူးဆိုတာကို သိရင် ဒီလိုဖြစ်ရတာ ဘယ်သူ့မှာတာဝန်ရှိကြသလဲ။ ဘယ်သူတွေ တာဝန်ယူမလဲ။ တာဝန်ယူ တာဝန်ခံရမယ့် အဖွဲ့အစည်းများ မရှိဘူး ဆိုရင် ပြည်ထောင်စုလွှတ်တော်ကပဲ တာဝန်ခံဆောင်ရွက်လိုက်ရင် မသင့်ဘူးလား" ဟု လွှတ်တော် ဥက္ကဋ္ဌက ဆက်လက်ပြောသည်။

7Day News Journal

1 comment:

  1. မျှော်သာမျှော် ပေါ်မလာသူရေ မောတော့မယ်

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။