/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, January 9, 2013

.

NLD ရုံးခန်းအတွင်း မမေသက်ဦး မုဒိန်းကျင့်ခံရမှု ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေ


NLD ရုံးခန်းအတွင်း မမေသက်ဦး မုဒိန်းကျင့်ခံရမှု နှင့်ပတ်သက်ပြီး NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေကြောင်း၊ အခါအားလျှော်စွာ သတင်းစာ ရှင်းလင်းပွဲလုပ်ခဲ့သမျှ ယခုအခါ ဘာပွဲမှမလုပ်၊ ဘာမေးတာမှမဖြေပဲ ဝဇီပိတ် ကျင့်နေကြောင်း သတင်းရရှိသည်။

၃-၁-၂၀၁၃ ရက်နေ့ ၁၂နာရီ ၃၀မိနစ်အချိန်တွင် ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ (၂၉) လမ်း နှင့် လမ်း (၃၀)ကြား၊ အနော်ရထာ လမ်းရှိအမှတ်(၂၄၁)၊ ပထမထပ်(၀ဲ)ရှိ NLD ပါတီမှဖွင့်လှစ်ထားသော ပညာဒါနကျူရှင်၌ လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အဖြစ် ကျပန်း စကား ပြောပြိုင်ပွဲ လုပ်နေစဉ် တက်ရောက် လာသူများထဲမှ မမေသက်ဦး (ဘ)ဦးဇော်မြင့်(ပန်းဘဲတန်းမြို့နယ် NLD ပါတီဝင်)၊ အမှတ် (၁၉၄)၊ ပထမထပ်(၀ဲ)၊ လမ်း(၃၀)၊ အမှတ်(၈)ရပ်ကွက်၊ ပန်းဘဲတန်း မြို့နယ်နေသူသည် ကျူရှင်တိုက်ခန်းအပေါ်ထပ် (၇)လွှာရှိ သူငယ်ချင်း ဖြစ်သူ နာဇေးဒါး အခန်း၌ ၎င်း၏အစ်မဖြစ်သူ မ၀င်းမာဦး ရောက်ရှိနေ ခြင်း ရှိ/မရှိ သိရှိလိုသဖြင့် သွားရောက်ကြည့်ရှုခဲ့ပြီး အစ်မဖြစ်သူ မ၀င်းမာဦးမရှိသဖြင့် (၅)မိနစ်ခန့်အကြာတွင် ပညာဒါန ကျူရှင်သို့ ပြန် ဆင်းလာခဲ့ကြောင်း၊

ပညာဒါနကျူရှင်သို့ရောက်ရှိ ချိန်တွင် ပြိုင်ပွဲဝင်သူ များမရှိတော့ဘဲ NLD ပါတီ ပညာဒါနကျောင်းတာဝန်ခံ သားကြီး(ခ) ခင်မောင်ထူး(ခ) ဆိုးဖီရမ်း(၂၂)နှစ်၊ (မွတ်ဆလင်အစ္စလမ် ဘာသာကိုး ကွယ်သူ)၊ (ဘ)ဦးမောင်မောင်၊ အမှတ်(၁၂၄)၊ မြေညီထပ်၊ လမ်း(၃၀)၊ အမှတ်(၈) ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ် နေသူမှ ကိုလာသံဗူး တိုက်ခဲ့ ကြောင်း၊ ယခင် ကလည်း ရိုးရိုး သားသား တိုက်လေ့ရှိသောကြောင့် သောက်လိုက် ရာတွင် မူးမေ့စေ တက်သော ဆေးများထည့်၍ တိုက်ခဲ့ သဖြင့် ခဏအကြာ တွင်မူးမေ့ သွားခဲ့ကြောင်း၊

၎င်း ပြန်လည်သတိရ လာချိန်တွင် ရုံးခန်းအနီးရှိ ပစ္စည်းများထား သည့်အခန်းသို့ ရောက်ရှိ နေပြီး ၎င်းဝတ်ဆင်ထားသည့် အပေါ်အကျီင်္နှင့် ဘောင်းဘီရှည်တို့မှာ ကျွတ်လျက်ရှိနေပြီး သားကြီး(ခ) ခင်မောင်ထူး(ခ)ဆိုဖီရမ်းမှာ အနီး၌ ထိုင်နေသောကြောင့် ၎င်း သတိ လစ်နေခိုက် သားမယား အဖြစ်ပြု ကျင့်ခဲ့ကြောင်း နှင့် ၎င်းကိစ္စနှင့် ပတ်သက်၍ မည်သူ့ကိုမျှ မပြောရန် ပြောကြားခဲ့ကြောင်း၊

၎င်းနောက် အ၀တ်အစားများပြန်ဝတ်၍ လှေခါး အတိုင်းပြန် ဆင်းလာစဉ် မြေညီ ထပ်၌ မိခင် ဒေါ်လှလှထွေးနှင့်တွေ့  ဆုံပြီး ဖြစ်စဉ်အားပြောပြခဲ့ကြောင်း၊ ထို့နောက် မိခင်နှင့်အတူ ပန်းဘဲ တန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ သွားရောက်တိုင်တန်းခဲ့ရာ ရဲတပ်ဖွဲ့စခန်း မှ ၄-၁-၂၀၁၃ ရက်နေ့ ၁ နာရီ မိနစ် ၄၀ အချိန်တွင် (ပ)၈/၂၀၁၃၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၇၆ ဖြင့် သားကြီး(ခ) ခင်မောင်ထူး(ခ) ဆိုဖီရမ်းအား အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

www.MyanmarExpress.net

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။