/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, December 31, 2012

.

ဆက်သွယ်ရေးဆိုင်ရာ ပြဿနာများ ဖြေရှင်းပေးမည့် Customer Care Center တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ဖွင့်လှစ်မည်

ဆက်သွယ်ရေးနှင့် ပတ်သက်သည့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းပေးမည့် Customer Care Center များကို တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ ကြိုးဖုန်း၊ မိုဘိုင်းဖုန်း၊ အင်တာနက် အစရှိသည့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အခက်အခဲ တစ်စုံတစ်ရာဖြစ်ပေါ်ပါက ဖုန်းနှင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဆက်သွယ်ရေးနဲ့ ပတ်သက်လို့ ဘယ်ကိစ္စမဆို လှမ်းစုံစမ်းနိုင်တယ်။ မေးမြန်းလာတဲ့ Customer တွေကိုလဲ အချိန်နှင့် တစ်ပြေးညီ ပြန်လည်ဖြေကြားပေးမယ်။ ဖုန်း၊ အင်တာနက်ကိစ္စ အခက်အခဲတွေကိုလဲ ဖြေရှင်းပေးဖို့ ရည်ရွယ်ပြီး ဒီစင်တာဖွင့်ရတာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ Customer Care Center ကို ကနဦးအနေဖြင့် ရန်ကုန်မြို့တွင် မိုဘိုင်းဌာနရုံး(အလုံ)၊ မိုဘိုင်းအင်ဂျင်နီယာချုပ်ရုံး (ရွှေဂုံတိုင်)၊ ပန်းဆိုးတန်းလမ်း ကြေးနန်းရုံးတို့အပြင် နေပြည်တော်နှင့် မန္တလေးမြို့များတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

“နောက်ပိုင်း နယ်မြို့ကြီးတွေမှာ ထပ်တိုးချဲ့ဖွင့်လှစ်သွားဖို့ ရှိတယ်။ အများပြည်သူကို တိုက်ရိုက်ဝန်ဆောင်မှုပေးမယ့် သီးသန့်စင်တာ ဖြစ်ပါတယ်။ စဖွင့်မယ့် အချိန်မှာတော့ အချိန်သတ်မှတ် ဖွင့်ဖြစ်မယ်။ နောက်ပိုင်း ၂၄ နာရီ ဝန်ဆောင်မှုပေးဖို့ စီစဉ်ထားတယ်” ဟု ဆက်လက်ပြောသည်။

လက်ရှိတွင် ဆက်သွယ်ရေးနှင့် ပတ်သက်၍ သိလိုသမျှ အချက်အလက်များကို ရတနာပုံ Call Center တွင် ဝန်ဆောင်မှုတစ်ခုအနေဖြင့် ၂၄ နာရီ ဖြေကြားပေးလျက် ရှိကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဒီကပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။