/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, December 14, 2012

.

တန်ဖိုးနည်3းG မိုဘိုင်းဖုန်းများမကြာမီရောင်းချပေးတော့မည်

တန်ဖိုးနည်းမိုဘိုင်းဖုန်းများ လာမည့် ၂၀၁၃ နှစ်ဦးပိုင်းတွင် ရန်ကုန် တိုင်းဒေ သကြီး အတွင်းတွင် အရောင်းဌာနကြီး ၁၈ ခုဖွင့်ကာစတင်ရောင်းချ တော့မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူ တစ်ဦးထံ မှသိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ရန် ကုန်တိုင်းဒေသကြီးရုံးမှ တာဝန်ရှိသူ တစ်ဦး အားမေးမြန်းခဲ့ရာ "ဟုတ်ပါတယ် ၊ပြည်သူတွေမျှော်လင့် ထားသလို တန်ဖိုးနည်းဖုန်းတွေကို မကြာမီ လာ မည့် နှစ်ဦး ပိုင်းမှာ နိုင်ငံတော်ကထပ်မံစတင်ရောင်းချဖို့ စီစဉ်ဆောင်ရွက်နေပြီ ဖြစ် ပါတယ်။ တန်ဖိုးကတော့ အတိအကျပြောလို့မရသေးပါဘူး။ကျွန်တော်တို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ရှုထောင့် ပေါင်းစုံက အသေးစိတ်တွက်ချက် ပြီးမှသာ ရောင်းချပေး မယ့်ဈေးနှုန်းကို အတည်တကျ ဖော်ပြပေးလို့ ရမှာဖြစ်ပါတယ်။ တန်ဖိုးနည်းဖုန်း အနေနဲ့ အခု အသစ်ထပ်မံ ရောင်းချပေးမယ့် ဖုန်းကတော့ 3G System UMTS လို့ခေါ်တဲ့ ဖုန်းအမျိုးအအစား ဖြစ်ပါတယ်"။

"UMTS ဆိုတဲ့အဓိပါယ်ကတော့(Universal Mobile Telephone System)ဖြစ်ပါတယ်။ ယနေ့နိုင်ငံ တကာမှာ အဓိက အသုံးပြုနေတာက 3G စနစ်ကိုပဲ တွင်တွင်ကျယ်ကျယ်အသုံးပြုနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံအနေ နဲ့လည်း နိုင်ငံတကာမှာတွင်တွင်ကျယ်ကျယ်အသုံး ပြုနေတဲ့ ဒီ GSM စနစ်ကိုပဲတစ်ဆင့်ပြီး တစ်ဆင့်တိုးချဲ့ တပ်ဆင်အသုံးပြုသွားမှာ ဖြစ်ပါတယ်" ဟုရှင်းပြသည်။

ယခု အသစ်ထပ်မံရောင်းချပေးမည့် 3G / UMTS သည် ယနေ့နိုင်ငံတကာတွင် အများဆုံး တွင်ကျယ်စွာအသုံးပြုနေသော မိုဘိုင်းဖုန်းစနစ် ဖြစ်ကြောင်း သိရသည်။ 3G အမျိုးအစား ဖြစ်သည့် အလျောက် ဟန်းဆက်အမျိုးအစားမြင့်လျှင် မြင့်သလို အကျိုးရှိစွာ ပိုမိုအသုံးပြုနိုင်သည်။

အဆိုပါတန်ဖိုးနည်းဖုန်းထွက်ရှိလာလျှင် ပြည်သူများအား ရောင်းချပေးမည့်အခြေအနေ နှင့်ပတ်သက်ပြီး "ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ ကတော့ သက်ဆိုင်ရာဈေးနှုန်းသတ်မှတ် ပြီ ဆိုရင် ဒီ ရန်ကုန် တိုင်းဒေသကြီးအတွင်းမှာ မိုဘိုင်းအရောင်းဌာန၁၈ ခု ထားရှိပြီးရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အဲဒိဌာနတွေကတော့-

(၁)လမ်း ၄၀အော်တို အင်ဂျင်နီယာချုပ်ရုံး

(၂)အမှတ် (၁၂၅)၊ပန်းဆိုးတန်းလမ်း၊ပန်းဆိုးတန်းကြေးနန်းရုံး(Customer Care Service Center)

(၃)မိုဘိုင်းအင်ဂျင်နီယာချုပ်ရုံး၊ ရွှေဂုံတိုင်၊ဗဟန်း။

(၄)မိုဘိုင်းဌာနရုံး(အလုံ)။

(၅)အမှတ်(၃၉ )၊ ဗိုလ်အောင်ကျော်လမ်း၊တိုင်းမန်နေဂျာရုံး။

(၆)အင်းစိန်စာတိုက်။

(၇)တက်ကသိုလ်စာတို်က်(ကမာရွတ်)။

(၈)ဗိုလ်တထောင်စာတိုက်။

(၉ )ဒဂုံမြို့သစ်(မြောက်ပိုင်း)။

(၁၀)ရန်ကင်းစာတိုက်။

(၁၁)ကြေးနန်းဆက်သွယ်ရေးနှင့်စာတိုက်သင်တန်းကျောင်း(ပုဇွန်တောင်)။

(၁၂)သန်လျင်အိတ်ချိန်း။

(၁၃)သုံးခွအိတ်ချိန်း။

(၁၄)တွံတေးအိတ်ချိန်း။

(၁၅)ထန်းတပင်အိတ်ချိန်း။

(၁၆)မှော်ဘီအိတ်ချိန်း။

(၁၇)တိုက်ကြီးအိတ်ချိန်း။

(၁၈)လှည်းကူးအိတ်ချိန်း။

တို့ကို ပြည်သူတွေနီးစပ်ရာမှ အဆင်ပြေလွယ်ကူစွာ ၀ယ်ယူအသုံးပြုနိုင်အောင်စီစဉ်ပေးထားပါတယ်" ဟုပြောကြားသည်။

အဆိုပါ တန်ဖိုးနည်3းG (System)/ UMTS ဖုန်းများကို ပြည်သူလူထု၏ လိုအပ်ချက် အတိုင်း ရောင်းချပေး သွားမှာဖြစ်ပြီး ဖုန်းအရေအတွက် (Numbering System) မှာလည်း လောလောဆယ်အနေဖြင့် ထပ်တိုးလာ နိုင်မှုမရှိကြောင်း သိရသည်။ ထို့အပြင် အဆိုပါ တန်ဖိုးနည်းဖုန်းများကိုနေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်လည်း တပြိုင်နက်ရောင်းချပေးသွားမည် ဖြစ်ပါသည်။

(မြန်မာ့အလင်း)

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။