/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, November 29, 2012

.

Mobile Internet သုံးခ ကောက်ခံသည့်ပုံစံ ပြောင်းလဲမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိုဘိုင်းဖုန်းမှတစ်ဆင့် အင်တာနက်သုံးစွဲခအား ယခင်က သုံးစွဲချိန်အပေါ်မူတည်၍ တွက်ချက်သော Time Based Charging စနစ်ဖြင့် ကောက်ခံခဲ့ရာမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစတင်၍ မိမိအသုံးပြုသော ပမာဏအလိုက် ပေးချေရမည့် Volume Based Charging ဖြင့် ပြောင်းလဲကောက်ခံသွားမည်ဖြစ်သည်။ Time Based Charging စနစ်ကိုအခြေခံ၍ အင်တာနက်သုံးစွဲခများအား GSM တယ်လီဖုန်းများအတွက် တစ်မိနစ်လျှင်(၂)ကျပ်နှုန်း၊ WCDMA/CDMA 800 တယ်လီဖုန်းများအတွက် တစ်မိန်စလျှင်(၄)ကျပ်နှုန်းဖြင့် ကောက်ခံခြင်းဖြစ်သည်။

(Volume Based Charging စနစ်ဖြင့် ပြောင်းလဲကောက်ခံမည့် မိုဘိုင်းအင်တာနက်သုံးခနှုန်းထားများ)

Volume Based Charging စနစ်ဖြင့် ကောက်ခံမည့်နှုန်းထားများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း က အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။

- Plan A သည် Unlimited Data Plan ဖြစ်ပြီး၊ Data 100 Kbyte အသုံးပြု တိုင်း(၂)ကျပ် ကောက်ခံ ပါမည်။ ကြိုက်သလောက်သုံး၊ ကျသလောက်ပေးဖြစ်ပါသည်။

- Plan B သည် Monthly Usage Plan ဖြစ်ပြီး ၊ လစဉ် 1500 Kyats ကုန်ကျခံပါက 200 Mbyte ပမာဏရှိသည့် Data ကိုအသုံးပြုခွင့်ရပါမည်။ 200 Mbyte ထက်ပပိုသော Data Usage ကို 100 Kbyte လျှင် (၂)ကျပ် နှုန်းထပ်မံကောက်ခံပါသည်။

- Plan Cသည် Monthly Usage Data Plan ဖြစ်ပြီး ၊ လစဉ် 7000 Kyats ကုန်ကျခံပါက 1 Gbytes ပမာဏရှိသည့် Data ကိုအသုံးပြုခွင့်ရပါမည်။ 1 Gbyte ထက်ပိုသော Data Usage ကို 100 Kbyte လျှင် (၂) ကျပ် နှုန်းထပ်မံကောက်ခံပါမည်။

အဆိုပါ Plan များအနက် Plan B နှင့် Plan C (Monthly Usage Data Plan) အသုံးပြုလိုသော မိုဘိုင်းအင်တာနက်သုံးစွဲသူများသည် ရွေးချယ်လိုသည့် Plan ကို ပန်းဆိုးတန်းမိုဘိုင်း ဆက်သွယ်ရေးရုံး၊ အလုံမိုဘိုင်းဆက်သွယ်ရေးရုံး၊ ရွှေဂုံတိုင်မိုဘိုင်းဆက်သွယ်ရေးရုံးနှင့် ပြည်နယ်/တိုင်း မန်နေဂျာရုံးများမှ တစ်ဆင့် စာရင်းပေးသွင်းနိုင်ပြီး၊ ဆက်သွယ် ဆန္ဒပြုခြင်းမရှိသော မိုဘိုင်းအင်တာနက်သုံးစွဲသူများကိုမူ Plan A (Unlimited Data Plan) ဖြင့် ကောက်ခံပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အသိပေးချက် ထုတ်ပြန်ထားသည်။

မြန်မာဆက်သွယ်ရေးလုပ်ငန်း၏ အသိပေးထုတ်ပြန်ချက်ကို ဖတ်ရှုရန် http://www.myanmarnewshub.com/?p=48769

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။