/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, November 29, 2012

.

တန်ဆောင်မုန်းည ဖြိုခွဲမှု တွင် ငါးဆယ် ကျော်ဒဏ်ရာရ ရှိ ပြီး ခြောက်ဆယ် ကျော် ဖမ်းဆီးထား

မန္တလေး တိုင်း မုံရွာ ခရိုင် ဆာလင်းကြီး မြို့ နယ်ထဲ က လက်ပံတန်းတောင် ဒေသ မှာ ရှိ တဲ့ မြန်မာ ၀မ်ပေါင် နဲ့  စစ်တပ် က ပိုင်တဲ့ ဦးပိုင် ကုမ္ပဏီ က တည်ဆောက် နေ တဲ့ ကြေး နီ မိုင်း လုံးဝ ရပ်တန့် ရေး အတွက် ဒေသခံ တွေ ၊ မန္တလေး နဲ့  မုံ ရွာ က သံဃာတော် တွေ ပါဝင် တဲ့ သပိတ် စခန်း ခြောက် ခု ကို မီးသတ် ပိုက် တွေ ၊ မီးလောင် ဗုံး တွေ ၊ မျက် ရည် ယို ဗုံး တွေ သုံး ပြီး ဖြိုခွဲ ခဲ့ တယ် လို့  မုံရွာ မြို့  ကနေ သပိတ် စခန်း ကို သွား ရောက် ပူး ပေါင်း ခဲ့ တဲ့ ကိုတင်နိုင်ဦး က FNG ကို ပြော ပါတယ်။

ည နေ လောက် မှာ သူတို့ ဘက် ကလည်း ဆိုင်း ဘုတ်တွေ ထောင်တယ် ” တရားဥပဒေ စိုး မိုးရေး သည် ရင်းနှီး မြုပ် နှံ မှု များ ၏ အသက် ဖြစ်သည် ” တို့  ဦးဝင်းတင် ပြောစကား တွေ ကို ပါ သူ တို့  က ဆိုင်း ဘုတ် ထောင် ကြတယ်။ ညနေ ဘက် မှာ စီမံ ကိန်း ရပ် ဆိုင်း မှ သာ သပိတ် စခန်း ကို ဖယ်ရှား ပေး မှာ ဖြစ် တဲ့ အကြောင်း ရွာ ၂၆ ရွာ က ပြည်သူ တွေ နဲ့  သပိတ် စခန်း တွေ က အကြောင်း ပြန် ခဲ့ တယ်။

ညပိုင်း မှာ သူ တို့  တစ်ခါ ထပ် ကြေငြာ တယ် လူစု ခွဲ ပေး ဖို့ ၊ ဆားလင်းကြီး က ရဲ မှုးက ကြေငြာ တယ် ၊ သူတို့  လုံ ထိန်း တွေ သပိတ် စခန်း နား ထိ ညာသံ တွေ ပေး ပြီး ရောက် လာတယ်။ ည ၂ နာရီ ကျော် မှာ နောက်ဆုံး ထပ် ပြောပြီး တော့ မျက် ရည်ယို ဗုံး တွေ ၊မီး လောင်ဗုံး တွေ ပြစ် သွင်း ပြီး တော့ လူ စု ခွဲ တော့ တာ ပဲ ၊ သံဃာ တော် တွေ ကို လည်း နံ ပါတ် တုတ် တွေ နဲ့  ရိုက် ပြီး တော့ ဖမ်းတယ် ၊ ၀က်မှေး ၊ ကြေးစင်ရွာ က ဆန္ဒပြ ခေါင်း ဆောင် တွေ ကို လည်း ဖမ်းတယ် ၊ ရန်ကုန် ၊ မန္တလေး က ဆန္ဒ ပြ ခေါင်းဆောင် တွေ ကို နဲ့  သံဃာ တော် တွေ ကို ရိုက် နှက် ပြီး ဖမ်းဆီး ခဲ့တယ် လို့  ကိုတင်နိုင်ဦး က ပြောပြ သွား ခဲ့ တာ ဖြစ်ပါတယ်။

သပိတ်စခန်း ကို မျက်ရည်ယို ဗုံး တွေ ၊ မီးသတ် ဗုံး တွေ နဲ့  ဖြိုခွဲ မှု ဖြစ်စဉ် အတွင်း မှာ မော်တော် ဆိုင် ကယ် တွေ နဲ့  သေခံ ရွာသား တွေ ရဲ့  လှည်း တွေ ၊ နွားတွေ ကို ဖျက် ဆီး ခဲ့ ပြီး နွား တွေ ကို တော့ ဖမ်းဆီး ခေါ်ဆောင် သွား တယ် လို့  ၀က်မှေး ကျေးရွာ သူ တစ်ဦး က ပြောပါတယ်။

အကြမ်းဖက် ဖြိုခွဲ မှု ကြောင့် ဖောင်ကား နဲ့  ပုလဲ ၊ ယမား ဘက် ကို သံဃာ တွေ ထွက် ပြေး ခဲ့ ရ ပြီး နောက် က လိုက် ဖမ်းတာ တွေ လဲ ရှိ တယ် ၊ တစ်ချို့  မီးလောင် ဗုံးဒဏ် ကြောင့် ဒဏ်ရာ အပြင်း အထန် ရ ပြီး လမ်း က လျှို တွေ မှာ တင် ၀င် နား နေ ရ တဲ့ သံဃာ တော် တွေ လည်း ရှိတယ် လို့  ၀က်မှေး ကျေးရွာ သူ တစ်ဦး က FNG ကို မိန့်  ပါတယ်။

မီးလောင်းဗုံး တွေ နဲ့  ဖြိုခွဲ စဉ် AP သတင်းဌာန ရဲ့  ကား တစ်စီး လည်း မီးစွဲ လောင် ပြီး ပျက်စီး ဆုံး ရှုံး ခဲ့ ပါတယ်။

http://freedomnewsgroup.com/2012/11/29/tasaungdine-crackdown/

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။