/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, November 9, 2012

.

ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းနှစ်ခု ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ်တွင် တည်ဆောက်မည်


ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီး ဌာနက ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ်တွင် ဧရာဝဏ် အိမ်ရာ စီမံကိန်းနှင့် ရတနာ အိမ်ရာ စီမံကိန်း နှစ်ခု ဆောက်လုပ်သွားမည် ဖြစ်ရာ အရစ်ကျ စနစ်ဖြင့် အမှန်တကယ် နေထိုင် သူများသို့ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။ ဧရာဝဏ် စီမံကိန်းမှာ မြေဧက ၁ဝ၂ ဒသမ ၄ ဧကပေါ်တွ င် ရှစ်ခန်းတွဲ ကိုးထပ်တိုက် ၄၃ လုံး၊ ခြောက်ခန်းတွဲ ကိုးထပ်တိုက် ၂၁ လုံးနှင့် လေးခန်းတွဲ ၁၂ ထပ်တိုက် ၁ဝလုံး တည်ဆောက်သွား မည်ဖြစ်သည်။

ရတနာ အိမ်ရာ စီမံကိန်းမှာ မြေဧက ၁ဝ၇ ဒသမ ၇ ဧကပေါ်တွင် ရှစ်ခန်းတွဲ ကိုးထပ်တိုက် ၄၆ လုံး၊ ခြောက်ခန်းတွဲ ကိုးထပ်တိုက် ၃၃ လုံးနှင့် လေးခန်းတွဲ ၁၂ ထပ်တိုက် ၁၃ လုံး တည်ဆောက် သွားမည် ဖြစ်သည်။ အဆိုပါ အိမ်ရာ စီမံကိန်းတွင် ပန်းခြံ၊ အားကစားကွင်း၊ အပန်းဖြေ စခန်း၊ လမ်းနှင့် ရေမြောင်းစနစ်၊ ဟိုတယ်၊ စူပါမား ကတ်၊ ကျောင်း၊ ဆေးခန်း၊ ဓမ္မာရုံနှင့် ရပ်ကွက်ရုံးများ ပါဝင်မည် ဖြစ်သည်။

တိုက်ခန်း ဈေးနှုန်းကို တန်ဖိုးနည်း၊ တန်ဖိုးလတ်၊ တန်ဖိုးမြင့် ခွဲခြားထားပြီး ၁ဝ နှစ်မှ နှစ် ၃ဝ အထိ အရစ်ကျ ငွေချေ စနစ်ဖြင့် တိုက်ခန်းခ ဈေးနှုန်းကိုအခြေပြု တွက်ချက်ထားရာ တန်ဖိုးနည်း တိုက်ခန်းအတွက် လစဉ် ငွေကျပ် ၄ဝဝဝဝ ဝန်းကျင်သာ ပေးသွင်း ရမည်ဖြစ်ကြောင်း သိရသည်။ စီမံကိန်း ကာလ ၃ နှစ် သတ်မှတ်ထားရာ စီမံကိန်း ပြီးစီးပါက အမှန်တကယ် အိမ်ပိုင် မရှိဘဲ နေထိုင်မည့် သူများကိုသာ ဝန်ကြီးဌာန မူဝါဒနှင့် အညီ စနစ်တကျ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဒီကပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။