/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, November 5, 2012

.

အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို ဒီလ အတွင်း သွားမယ်ဆို


အမေရိကန်သမ္မတနစ်ဆင် (1915-1994) ဆိုသူဟာ သူ့လက်ထက် 1969 to 1974 ၅နှစ်အတွင်းမှာ ဗီယက်နမ်စစ်ကြောင့် အမေရိကန်ပြည်၊ ပြသနာပေါင်းစုံတက်နေချိန်မှာ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဟင်နရီကစ်ဆင်းဂျား ဆိုသူကြောင့် တရုပ်ပြည်နဲ့ ဆက်ဆံရေးပြန်လည်ထူထောင်နိုင်ခဲ့ပါတယ်။ အရင်းရှင်-ကွန်မြူနစ် စစ်အေးတိုက်ပွဲမှာ တရုပ်ပြည်နဲ့ဆက်ဆံရေး ပြန်လည်တည်ဆောက်တဲ့အနေနဲ့ ကွန်မြူနစ်တရုပ်ပြည်ကြီးကို ပထမဆုံး အမေရိကန်သမ္မတအဖြစ် ၁၉၇၂ခုနှစ်မှာ အလည်အပတ်ရောက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ တရုပ်ပြည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အရှိန်ဟုန်တက်လာခဲ့ပါတယ်။

ဗိယက်နမ်စစ်က အမေရိကန်ထွက်ခွာနိုင်ခြင်း၊ တရုပ်နဲ့ငြိမ်းချမ်းရေးလုပ်နိုင်ခြင်းများကြောင့် သမ္မတနစ်ဆင် သမ္မတအဖြစ်ပြန်အရွေးခံရပါတယ်။ သို့သော် ၀ါးတာဂိတ်အရေးခင်းဆိုတဲ့ သူ့ရဲ့ ဒုတိယသမ္မတသက်တမ်း အတွက် အာဏာရရေး လျို့ဝှက်လုပ်ငန်း လူမိသွားပြီး၊ သမ္မတရာထူးက နာမည်ပျက် နှုတ်ထွက်လိုက်ရသူဖြစ်ပါတယ်။

အခု ၂၀၁၂မှာတော့ အမေရိကန်သမ္မတအိုဘားမား ပထမသက်တမ်းမကုန်ခင်၊ မြန်မာပြည်ကို နိုဝင်ဘာ၂၀၁၂ လလယ်မှာ ရောက်လာတော့မယ်ဆိုပါတယ်။ မိတ်ဆွေတစ်ဦးဖြစ်သူ ကိုဆန်နီအပြောအရ ဆိုရင် အမေရိကန်သမ္မတ တရုပ်ပြည်လာလည်ပြီးမှ တရုပ်ပြည်၊ပြုပြင်ပြောင်းလဲ၊စီးပွားတက်ခဲ့ရသလို၊ အမေရိကန်သမ္မတ မြန်မာပြည်လာလည်မှ မြန်မာပြည်ပြောင်းလဲမယ် … လို့ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ပြောခဲ့ပါတယ်။

သူ့အပြောကတော့ အမေရိကန်သမ္မတတွေ တရုတ်ပြည်လာတော့ ကွန်မြူနစ်ပါတီဝင်တွေ မျက်စိတွေလည်ပြီး အူကြောင်ကြောင်တွေ ဖြစ်ကုန်ကြတယ်။ အခု အိုဘားမား မြန်မာပြည်လာလည်တဲ့အခါ ကြံ့ဖွတ်တွေ ဘာဖြစ်ကုန်မလဲဆိုတာ စောင့်ကြည့်ရမယ် လို့ ဆိုပါတယ်။

အခုတော့ အိုဘားမား မြန်မာပြည်လာတော့မယ် တဲ့။ သူ့ ၂၀၀၈ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက မြန်မာတွေ (အချို့) က Oh Burma ဆိုပြီး ခေါ်ခဲ့ကြတာကို ပြန်သတိရမိသေးတော့တယ်။

http://moemaka.com/?p=28781

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။