/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, November 5, 2012

.

မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်က ဒေါ်လာ ၁၆၅သန်း အတိုးမဲ့ချေးမည်


မြန်မာနိုင်ငံအတွက် လိုအပ်နေသော အခြေခံ အဆောက်အဦများ တည်ဆောက်ရာတွင် အသုံးပြုရန်အတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာ ၁၆၅ သန်း အတိုးမဲ့ ထုတ်ချေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် မန်နေဂျာ Kanthar Shankar က ပြောကြားလိုက်သည်။

နိုဝင်ဘာ ၂ ရက်နေ့က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အင်းလျားလိတ် ဟိုတယ်တွင် ပြုလုပ်သည့် ကမ္ဘာ့ဘဏ်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး စီမံကိန်းအတွက် မဟာဗျူဟာသစ်နှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ယင်း အတိုးမဲ့ချေးငွေ ဒေါ်လာ ၁၆၅ သန်းကို ထုတ်ချေးပြီးချိန်မှ စတင်ကာ အနှစ် ၄၀ အတွင်း ပြန်ဆပ်ရမည် ဖြစ်ပြီး ယင်းချေးငွေအတွက် ကမ္ဘာ့ဘဏ်က ဝန်ဆောင်စရိတ် ၀.၇၅ သန်း ရယူမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ် အနေဖြင့် လူထုအခြေပြု ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ သန်း ၈၀ ကျော်ကို စတင်ပေးမည် ဖြစ်ပြီး ၁၈ လအတွင်း မဟာဗျူဟာ အစီအစဉ်များ ချမှတ်ကာ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

"ဒီချေးငွေ ၁၆၅ သန်း အတွက်ကတော့ ဘယ်စီမံကိန်းတွေမှာ လုပ်မယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး။ အစိုးရရဲ့ အခြေခံ အဆောက်အဦ တွေမှာတော့ အဓိက လေ့လာနေပါတယ်၊ သန်း ၈၀ စီမံကိန်းကိုတော့ ခြောက်နှစ်အတွင်း ဆောင်ရွက်မှာပါ" ဟု ၎င်းက ဆိုသည်။ အဆိုပါ အမေရိကန် ဒေါ်လာ သန်း ၈ဝ ကျော် ကူညီ ပံ့ပိုးပေးမည့် မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး၏ အရေးပါသော ဆင်းရဲမှု တိုက်ဖျက်ရေး စီမံကိန်းအတွက် မဟာဗျူဟာသစ် တစ်ရပ်ကို နိုဝင်ဘာလ ၁ ရက်နေ့ တွင် အတည်ပြု ထောက်ခံခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာ့ဘဏ်က ပေးသော အကူအညီများဖြင့် မြန်မာနိုင်ငံရှိ မြို့နယ် ၁၅ ခုတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အဓိကထား လုပ်ဆောင် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဒီကပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။