/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, November 14, 2012

.

ရိုဟင်ဂျာအမည်ခံများ အနောက်နိုင်ငံများတွင် ဝင်ရောက်ခိုလှုံမှု များပြားလာ

ကမ္ဘာ့ကုလသမဂ္ဂ က ရိုဟင်ဂျာ လူမျိုးစုသည် ကမ္ဘာ့ပေါ်တွင် ဖိနှိပ်ခံရဆုံးဖြစ် သည့် လူနည်းစုများတွင် တစ်ခုဖြစ်သည်ဟု ပြောဆိုနေခိုက်တွင် ယင်း အချက်ကို အမှီသဟဲပြု၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် အနောက်နိုင်ငံ များသို့ နည်းအမျိုးမျိုးဖြင့် ဝင်ရောက်လာကြပြီး၊ ရိုဟင်ဂျာ အမည်ခံ ကာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံနေမှုများ များပြားလာနေကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် အစွန်းရောက် ဘာသာရေး ဆန့်ကျင်သော သတင်း ဌာန တစ်ခုဖြစ်သည့် weekly blitz ၏ အဆိုအရ သိရှိရပါတယ်။

Weekly Blitz ၏ တွေ့ရှိချက်အရ အဆိုပါ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် ပြင်သစ်နိုင်ငံသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကူး လက်မှတ်ဖြင့် ဝင်ရောက်ခဲ့ပြီး၊ မှောင်ခိုပွဲစားများ သို့မဟုတ် ရခိုင်ပြည်နယ် တွင်းရှိ NGO များမှတစ်ဆင့် အထောက်အထား စာရွက်စာတမ်း အတုများပြု လုပ်ကာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ကြပါတယ်။ ၎င်း စာရွက်စာတမ်း အတုများကို မှောင်ခိုဈေး အမေရိကန် ဒေါ်လာ ၂၅ဝ မှ ၂၇၅ ဒေါ်လာ အထိ ပေးရပြီး၊ အများအားဖြင့် ၁ဝ နာရီမှ ၁၅ နာရီအတွင်း ရရှိ နိုင်တယ်လို့ ဆိုပါတယ်။

လတ်တလော လများအတွင်း အနောက်နိုင်ငံများတွင် နိုင်ငံရေး ခိုလှုံ ခွင့် တောင်းခံခဲ့ကြတဲ့ အမှုများ များပြားတိုးပွားလာနေပြီး ၎င်းအမှုများတွင် ၉၉ ရာခိုင်နှုန်းသော လျှောက်လွှာများသည် ရိုဟင်ဂျာအမည်ခံ အတု အယောင်များဖြစ်သည်ဟု သိရပါတယ်။

အသေးစိတ်ကို အောက်ပါလင့်ခ်တွင် ဖတ်ရှုပါ။

http://www.weeklyblitz.net/2695/fake-rohingyas-entering-western-countries

ဒီကပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။