/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, November 14, 2012

.

ဒီမိုကရေစီယန္တရားကြီးရေရှည်လည်ပတ်နိုင်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်ဟုပြောလာသော ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌသီရိပျံချီဦးဌေးဦး နှင့်တွေ့ဆုံခြင်း

ပြည်ခိုင်ဖြိုးပါတီအထွေထွေ ညီလာခံကြီးအပြီး ပြောင်းလဲကျင့် သုံးလာသည့် ပါတီမူဝါဒများ တာဝန်ခွဲဝေချထားပေးမှု များနှင့် ပြောင်းလဲကျင့်သုံးလာသည့် ပါတီစုံ ဒီမိုကရေစီ စနစ်ကြီး ယခုထက် ပိုမိုပီပြင်ခိုင်မာ လာစေရန် တာဝန် အရှိဆုံးသူများ၊အရေး အပါဆုံးသူ များနှင့်ပတ်သက်၍ပြည်ခိုင်ဖြိုး ပါတီ ဒုတိယဥက္ကဋ္ဌ သီရိပျံချီ ဦးဌေးဦးအား Hot News သတင်းထောင်မှဆက်သွယ်၍ မေးခွန်းအနည်းငယ်မေးမြန်းဖြစ် ခဲ့ပါသည်။

မေး- ပါတီအထွေထွေညီလာခံကြီး ရဲ့ရလာဒ်အရ ယခင်ကမရှိခဲ့တဲ့ မြို့နယ်၊ခရိုင်နဲ့တိုင်းနဲ့ပြည်နယ် အဆင့်တွေမှာ ပါတီတာဝန်ခံတွေ ထားရှိမှုနဲ့ ပတ်သက်ပြီး ယခုပေါ် လစီပြောင်းသွားတာလေးကိုသိပါ ရစေ။

ဖြေ- ပြီးခဲ့တဲ့ ပါတီညီလာခံကြီး ဟာ မြို့နယ်ညီလာခံတွေကို အ ခြေခံပြီးတော့မှ ခရိုင်၊တိုင်းနဲ့ပြည် နယ်အဆင့်တွေကိုဖြစ်လာစေခဲ့ပါ တယ်။ ယခင်ကတော့ ပါတီကြီး စဖွဲ့ကတည်းက စည်းမျဉ်းအရ ပါတီဥက္ကဋ္ဌဆိုတာ ဗဟိုမှာပဲရှိ တယ်။ ခုကျတော့ ညီလာခံကြီး မှာပြင်ခဲ့တဲ့စည်းမျဉ်းအရ မြို့နယ် အဆင့်တွေမှာရော၊ခရိုင်အဆင့် တွေမှာရော တိုင်းနဲ့ပြည်နယ်အ ဆင့်တွေမှာရော ပါတီဥက္ကဋ္ဌ တာဝန်တွေရှိလာပါပြီ။
မေး- ပြီးခဲ့တဲ့ပါတီညီလာခံကြီးမှာ ဗဟိုအမှုဆောင်အဖွဲ့ဝင်အင်အား တွေတိုးချဲ့ဖွဲ့စည်းခဲ့တဲ့ရည်ရွယ် ချက်လေးကိုလည်းသိပါရစေ။
ဖြေ- ကျွန်တော်တို့ စဖွဲ့စည်းစဉ် ကတည်းကရှိလာတဲ့ ဗဟိုအမှု ဆောင်အဖွဲ့မှာ ပါတီတာဝန်ကို ထမ်းဆောင်ခွင့်မရှိတဲ့ ဗဟိုအမှု့ ဆောင်အဖွဲ့ဝင်တွေရှိလာတယ်။ အဲဒီမှာ ဥက္ကဋ္ဌအဖြစ် ပြန်လည် အရွေးချယ်ခံရတဲ့ သမ္မတကြီးလည်း ပါတယ် ပြီး သက်ဆိုင်ရာဝန်ကြီး ဌာနအသီးသီးမှာ တာဝန်ယူနေတဲ့ ၀န်ကြီးတွေလည်းပါတယ်။ဒီတော့ ပါတီဗဟိုအမှုဆောင်အရေအ တွက် ကလျော့သွားတယ်။ပြောရ ရင် ဗဟိုအမှုဆောင်အရေအတွက် တွေထဲကနေပါသွားတာပေါ့ဗျာ။ အဲဒီအတွက် ပြီးခဲ့တဲ့ပါတီညီလာ ခံကြီးမှာ ဗဟိုအမှုဆောင် အဖွဲ့ ၀င်အင်အားကို တိုးချဲ့ဖွဲ့စည်းခဲ့ရ တာပါ။

မေး- ပြောင်းလဲလာတဲ့ ဒီမိုကရေ စီစနစ်ကြီး ဒီထက်ပိုပြီး ပီပြင်ခိုင် မာလာဖို့ရော ဘယ်သူ့မှာ(သို့) ဘယ်အဖွဲ့အစည်းမှာ တာဝန်အရှိ ဆုံးလို့မြင်မိပါသလဲ။

ဖြေ- ပြောင်းလဲလာတဲ့ ဒီမိုကရေ စီစနစ်ကြီး ဆက်လက်ပီပြင်လာ ဖို့ ဘယ်သူ့မှာ၊ဘယ်အဖွဲ့အစည်း မှာ တာဝန်အရှိဆုံးပါလို့ သူများ လိုပြောနေလို့မရဘူး။နိုင်ငံသား တိုင်း မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်။သူများကိုပြောနေ ရင်တော့ မရဘူး။ဒီတော့ တိုင်း ပြည်ရဲ့ဒီမိုကရေစီလမ်းစဉ်ကြီးမှာ ဒီမိုကရေစီယန္တရားကြီး ချောမွေ့ စွာ ဆက်လက်လည်ပတ်နိုင်ဖို့ နိုင်ငံသားတိုင်းမှာတာဝန်အရှိဆုံး ပါလို့ပြောချင်တယ်။တစ်ဦးတစ် ယောက်၊အဖွဲ့အစည်းတစ်ဖွဲ့မှာပဲ တာဝန်ရှိတာမဟုတ်ဘူးလေ။ အား လုံးက လိုလားလို့ ဒီမိုကရေစီစနစ် ကြီး အကောင်အထည်ဖော်နိုင်ခဲ့ ပြီးပြီလေ အဲဒါကို ဆက်လက်ထိန်း သိမ်းသွားဖို့ အားလုံးမှာတာဝန်ရှိ တာပေါ့။

မေး- ယခင် ပြည်ခိုင်ဖြိုး နာယက ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်မှူး သန်းရွှေနဲ့အခြားနာယကကြီးတွေ ရဲ့လက်ရှိ ပါတီအဖြစ်ပြောင်းလဲ ဖွဲ့စည်းအပြီး ပါတီအပေါ်ဘယ်လို လမ်းညွှန်အကြံပေးမှုတွေရှိပါသလဲ ပြီးတော့ လက်ရှိပြည်ခိုင်ဖြိုးပါတီ ရဲ့ ကိုယ်စားလှယ်အများစုနဲ့ဖွဲ့စည်း ထားတဲ့ပြည်ထောင်စုအစိုးရအဖွဲ့ အပေါ်မှာရော ဘယ်လိုဦးဆောင် မှု ပေးတာတွေရှိပါသလဲ။
ဖြေ- ဒီမိုကရေစီစနစ်ကြီးပြောင်း လဲ ကျင့်သုံးဖို့ဆိုတာ အဲဒီအစိုးရ တစ်ရပ်ကို ဒီမိုကရေစီလမ်းစဉ် အပေါ်ရောက်အောင်ပို့ပေးတဲ့ အစိုးရတစ်ရပ်လိုတယ်။ယခင် ပြည်ခိုင်ဖြိုး နာယကကြီးတွေက ခု ပါတီအဖြစ်ပြောင်းလဲဖွဲ့စည်း ခဲ့ပေမယ့်လည်း သြဇာပေးတာ မျိုး လုံးဝမရှိပါဘူး။ ဗိုလ်ချုပ်မှူး ကြီးတို့ဆိုလည်း ဘုရားအလုပ်၊ တရားအလုပ်နဲ့ပဲ ငြိမ်းချမ်းစွာနေ နေပါပြီ။သူတို့အနေနဲ့ ဒီမိုကရေ စီကြီးပြောင်းလဲကျင့်သုံးနိုင်အောင် လမ်းခင်းပေးခဲ့တယ်။ခု ဒီလမ်းစဉ် ကြီးအကောင်အထည်ပေါ်လာပြီ သူတို့တွေလည်း ဘယ်လိုမှမစွက် ဖက်ပါဘူး။ဒီအစိုးရကို အားလုံး ယုံယုံကြည်ကြည်နဲ့လွှဲပေးခဲ့ပြီးပြီ လေ။

မေး- ပြည်ခိုင်ဖြိုးပါတီ အောက် ခြေပိုင်းက လူတွေရဲ့ ခြစားမှုအ တွေကြောင့် ပြည်သူတွေက မကျေ နပ်တာတို့၊ပါတီကြီးအပေါ် အရို အဝေတန်တာတို့ဖြစ်နေပါတယ်။ ဒါဟာ ဒေသတော်တော်များများ မှာ ဖြစ်နေတာပါ။ အဲဒီလို ပါတီ နဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ ဘယ်လိုပြုပြင်စီစစ်သွားဖို့ရှိပါ သလဲ။
ဖြေ- ဒီလိုမျိုး ပါတီဝင်တွေရဲ့ခြ စားမှုကို ဘယ်လိုမှလက်မခံပါဘူး။ တကယ်လို့ရှိလာရင်လည်း ကျွန်တော်တို့ဆီအကြောင်းကြား ပါ။ အဲဒါကို ဟုတ်မဟုတ် သေချာ လား။ဒါမှမဟုတ် တစ်ဖက်သား ကို သက်သက်မဲ့နစ်နာစေလိုတဲ့ ပစ်စာမျိုးလား စသဖြင့် သေချာ စိစစ်ပြီးအရေးယူသွားမှာပါ။ အောက်ခြေပိုင်းပါတီဝင်တွေ ကြောင့် ပါတီကြီးကိုထိခိုက်တာ ပါတီကြီးအပေါ်လူထုရဲ့ ယုံကြည် မှုလျော့တာ၊အရိုအသေတန်တာ မျိုး ဘယ်နည်းနဲ့မှအဖြစ်မခံပါ ဘူး။ ပြင်းထန်စွာစည်းမျဉ်းအရ အရေးယူသွားမှာပါ။

http://www.hotnewsweekly.com/archives/13681

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။