/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, November 14, 2012

.

ရွှေဘိုမြို့အနီး နောက်ဆက်တွဲငလျင် ထပ်မံလှုပ်ခတ်


နိုဝင်ဘာ ၁၄ ရက် နံနက် ၀၀ နာရီ၊ ၅၈ မိနစ်၊ ၁၄ စက္ကန့်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် ၂၄ မိုင်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄.၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း U.S. Geological Survey ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

ယနေ့ (နိုဝင်ဘာ ၁၄ ရက်) နံနက် ၀၀ နာရီ၊ ၅၈ မိနစ်၊ ၁၄ စက္ကန့်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် ၂၄ မိုင်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄.၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း U.S. Geological Survey ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။ အဆိုပါငလျင်သည် မိုးကုတ်မြို့၏ အနောက်ဘက် ၃၆ မိုင်၊ မန္တလေးမြို့၏ မြောက်ဘက် ၅၉ မိုင်၊ ပြင်ဦးလွင်မြို့၏ မြောက် အနောက်မြောက်ဘက် ၆၄ မိုင်နှင့် နေပြည်တော်၏ မြောက်ဘက် ၂၁၂ မိုင်အကွာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုဝင်ဘာ ၁၁ ရက်က ရွှေဘိုမြို့နယ်အနီး ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၆.၈ အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲအဖြစ် အင်အားအသင့်အတင့်နှင့် အင်အားအနည်းငယ်ရှိသော ငလျင်များ ဆက်လက် လှုပ်ခတ်လျက်ရှိရာ နိုဝင်ဘာ ၁၂ ရက် နံနက် ၀၀ နာရီ၊ ၄၉ မိနစ်၊ ၄၂ စက္ကန့်တွင် မိုးကုတ်မြို့မှ ၃၉ မိုင်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၅.၆ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော ငလျင်၊ နိုဝင်ဘာ ၁၃ ရက် မြန်မာစံတော်ချိန် (၀၈)နာရီ၊ (၂၃)မိနစ်၊ (၀၄)စက္ကန့်အချိန်တွင် နေပြည်တော်၏တောင်ဘက် ၃၅ မိုင်ခန့်နှင့် ဆွာမြို့၏အနောက်ဘက် ၁၄ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၄.၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။