/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, November 14, 2012

.

ဒီနှစ်တောင်ကြီးတန်ဆောင်တိုင်မှာ တွေ့ရမယ့် ဗိုလ်ချုပ်အောင်ဆန်း


ဗိုလ်ချုပ်အောင်ဆန်းပုံကို ငွေစက္ကူတွေမှာ မထည့်တော့ပေမယ့် ဒီနှစ် တောင်ကြီး တန်ဆောင်တိုင် ပြိုင်ပွဲဝင်မယ့်သူတွေကတော့ သူတို့ရဲ့မီးပုံးပျံကိုယ်ထည်တွေမှာ ထည့်သွင်းရိုက်နှိပ်နေကြပါပြီ။

အခုလို မီးပုံးပျံ ကိုယ်ထည်တွေမှာ ဒီဇိုင်းပြင်ဆင် ထည့်သွင်းရေးဆွဲလာကြတာဟာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတာလို့ မီးပုံးပျံပြိုင်ပွဲဝင်မယ့် အိုင်တီလူငယ်မီးအဖွဲ့ခေါင်းဆောင် ကိုရှမ်းလေးက ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၊၂၅ အတွင်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံလွာများ မတွေ့ရှိခဲ့ရကြောင်း၊ ယခုခေတ်နောက်ပိုင်း လူငယ်များအနေဖြင့် မမေ့သင့်မမေ့အပ်သည့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို သတိရကြစေရန် ရည်ရွယ်ပြီး မိမိတို့ အဖွဲ့က ပြိုင်ပွဲ ၀င်ရန်ပြုလုပ်သည့် မီးပုံးပျံ ကိုယ်ထည်တွင် ထည့်သွင်း ရေးဆွဲရခြင်းဖြစ်ကြောင်း ကိုရှမ်းလေးက ရှင်းပြပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ဒီမီးပုံးပျံဒီဇိုင်းတွေကို ဖန်တီးရေးဆွဲပေးသူ ပန်းချီဆရာရဲ့ အမည်ကလည်း ကိုအောင်ဆန်း ဖြစ်ပါတယ်။

အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ရေးဆွဲပေးထားတာပါ၊ အရင်ကထုတ်တဲ့ တဆယ်တန်က ဗိုလ်ချုပ်အောင်ဆန်းပုံရယ်၊ ငါးကျပ်တန်က ဗိုလ်ချုပ်အောင်ဆန်းပုံရယ် နှစ်ခုကို အသုံးပြုပြီး အဲဒီပုံစံ ရရှိအောင် ရေးဆွဲပေးထားတာပါ လို့ ကိုအောင်ဆန်းက ဆိုပါတယ်။

ရေးဆွဲခ အနေနဲ့ ကျပ် တစ်သိန်းခွဲ ရရှိကြောင်း ကိုအောင်ဆန်းက ပြောပါတယ်။

မီးပုံပျံတခုမှာ ဗိုလ်ချုပ်ပုံနဲ့အတူ NLD အလံကိုလည်း ပူးတွဲ ရေးဆွဲထားတာ တွေ့ရမှာပါ။

တန်ဆောင်တိုင်ကာလမှာ ကျင်းပတဲ့ မီးပုံပျံပြိုင်ပွဲဟာ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးရဲ့ အမှတ်အသားတခုလည်း ဖြစ်ပါတယ်။






http://blog.irrawaddy.org/2012/11/blog-post_14.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။