/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, November 14, 2012

.

ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်လား? ခေါင်းရှောင်လား?


ခေါင်းဆောင်သည် မူဝါဒ၊ လူ၊ ပစ္စည်းဥစ္စာ နှင့် လူထုလေးစားမှုတို့ အတွက်သာ လုပ်ရုံမှ တစ်ပါး အခြားလုပ်စရာမရှိ။ ခေါင်းဆောင်သည် အရာရာကို လိုက်လုပ်ပြီး သူများထက် အပင်ပန်း ခံရန် မဟုတ်ပေ။ အခြားသူများ လုပ်စရာမရှိ အောင် လိုက်လုပ်သော ခေါင်းဆောင်သည် ခေါင်းဆောင်ကောင်း မဟုတ်။

ခေါင်းဆောင်အမျိုးအစား

(၁) ဉာဏ်ပညာ ရှိပြီး ပျင်းသော ခေါင်းဆောင်
(၂) ဉာဏ်ပညာလည်း မရှိ ပျင်းလည်း ပျင်းသော ခေါင်းဆောင်
(၃) ဉာဏ်ပညာ ရှိပြီး လုံ့လရှိသော ခေါင်းဆောင်
(၄) ဉာဏ်ပညာ မရှိသော်လည်း လုံ့လ ရှိသော ခေါင်းဆောင်

ခေါင်းဆောင် တစ်ယောက်သည် ပေးကမ်း ရက်ရောတတ်မှု၊ မခွဲခြား တတ်မှု၊ စွန့်လွှတ်လုပ် ကိုင်တတ်မှု စသည့် စိတ်ထား သုံးခုနှင့် ပညာ ဉာဏ်ရှိမှု၊ ယုံကြည် ကိုးစား ထိုက်မှု၊ စိတ်စေတနာ ကောင်းမှု၊ သတ္တိရှိမှု၊ တိကျ ပြတ်သား တတ်မှု စသည့် အရည်အချင်း ငါးရပ် ရှိရန် လိုအပ်သည်။ သို့တစေ အလုပ် လုပ်ရာ တွင်လည်း ခေါင်းဆောင် ပီသကြောင်း ပြဖို့ လိုသည်။ အဖွဲ့အစည်း တစ်ရပ် တွင် ခေါင်းဆောင် လုပ်ရမည့် လုပ်ငန်းမှာ လေးရပ် ရှိသည်။

(၁)မူဝါဒ လုပ်ငန်း၊
(၂)လူများနှင့် ဆိုင်သော လုပ်ငန်း၊
(၃)ပစ္စည်းပိုင်မှု ဆိုင်ရာ လုပ်ငန်း နှင့်
(၄)လူထု လေးစားမှု ရရှိရန် လုပ်ငန်းတို့ ဖြစ်သည်။

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။