/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, November 8, 2012

.

ပျံကျဈေး ရောင်းချသူများ အတွက် ဆိုင်ခန်းများ ဆောက်လုပ်

နေပြည်တော် ပျဉ်းမနားမြို့ မြို့မဈေး အရှေ့ဘက်တန်း ဗိုလ်မင်းခေါင်လမ်း လမ်းဘေးဝဲ၊ ယာတွင် ပျံကျ ဈေးသည် များ နေရာယူ ရောင်းချ မှုကြောင့် ဈေးရောင်း ဈေးဝယ်များဖြင့် ယာဉ်ကြော ပိတ်ဆို့မှုများ ရှိနေသဖြင့် ဈေး သန့်ရှင်း သပ်ရပ်ရေး၊ လမ်းပိတ်ဆို့မှု မဖြစ်ပေါ် စေရေးအတွက် နေပြည်တော် စည်ပင် သာယာရေး ကော်မတီ ဈေးများ ဌာနမှ မင်္ဂလာ မီးရထား ရပ်ကွက် စည်ပင် သာယာရေး ကော်မတီပိုင် မြေနေရာတွင် ဈေးဆိုင်တန်း ဆောက်လုပ်ပေးလျက် ရှိသည်။ ဆိုင်ခန်းများကို ၂ဝ၁၂ ခုနှစ် အောက်တို ဘာလ ပထမပတ် မှစတင် အကောင် အထည်ဖော် တည်ဆောက်လျက် ရှိပြီး ဆိုင်ခန်းအကျယ် ခြောက်ပေ ပတ်လည်ရှိသည့် ဆိုင်ခန်းပေါင်း ၁၅ဝ ကျော် ဆောက် လုပ် ပေးမည်ဖြစ်ကာ ဆိုင်ခန်းများ ဆောက်လုပ် ပြီးစီးပါက သင့်လျော်သည့် ဈေးနှုန်းဖြင့် ရောင်းချ ပေး သွား မည် ဖြစ်ကြောင်း သိရသည်။

ဒီကပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။