/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, October 23, 2012

.

USB Stick မတပ်မီ ဗိုင်းရပ်စ် မ၀င်အောင် ကာကွယ်ကြမယ်


ဗိုင်းရပ်စ် အန္တရာယ် ကာကွယ်ဖို့ အတွက် နည်းလမ်း များစွာ ရှိပါတယ်။ ဒါပေမယ့် အမှတ်တမဲ့နဲ့ မကွာကွယ် ကြတာများပါတယ်။ Kasper 2010 လို့ USB ကနေ တက်လာတဲ့ ဗိုင်းရပ်စ် မှန်သမျှကို အော်တို Scan ဖက်ပေးတဲ့ ကောင်မျိုး ဆိုရင်တော့ အကြောင်း မဟုတ်ပါဘူး။ အားပျော့တဲ့ anti-virus တွေကို ကိုယ်စက်မှာ တင်ထား မိရင်တော့ ဗိုင်းရပ်စ်တွေဟာ မိမိ ကွန်ပျူတာ ထဲကို အလွယ်တကူ ၀င်ရောက် လာနိုင် ပါတယ်။

အဲ့လို ၀င်ရောက် လာတာကို ကာကွယ်ဖို့ နည်းလမ်း များစွာထဲက အခုနည်းလမ်း တစ်ခုကို ရွေးပါမယ်။ ကွန်ပျူတာသို့ အများဆုံး ဗိုင်းရပ်စ် ဝင်ရောက် လာနိုင်တာ ကတော့ USB stick နဲ့ Extra HD တွေကပါ။ USB port မှာ USB stick ကို တပ်လိုက်တာနဲ့ Window စနစ်က autorun ကို လက်ခံပြီး ဖိုင်တွေကို ချိတ်ပါတယ်။ အဲဒီမှာ ဗိုင်းရပ်စ် ပါတဲ့ ဖိုင်လည်း အလွယ်တကူ ချိတ်မိ သွားပါတယ်။

ဒီတော့ autorun ကို ပိတ်ထားမှ အဆင်ပြေ ပါလိမ့်မယ်…။

ဒါဆိုရင်တော့ autorun ကို ပိတ်လိုက် ရအောင်…

- Start/Run (box) မှာ gpedit.msc လို့ ရိုက်ပါ။

- ပေါ်လာတဲ့ Group Policy (box) ရဲ့ User Comfiguration အုပ်စု အောက်က Administrative Templates ကို ရွေးချယ် ဖွင့်ပါ။

- System ကို ကလစ်လုပ်ပါ။ တစ်ဖက် မြင်ကွင်း အတွင်း Setting များတွင် Turn of Autoplay ကို ကလစ် နှစ်ချက် နှိပ်ပါ။

- Turn of Autoplay Properties (box) ပေါ်လာပါမည်။ Disable ကို ရွေးချယ်ပါ။

ဒါဆိုရင်တော့ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ် ခင်ဗျာ………

http://www.myawady.com.mm/mwdtech/index.php/news/local-news/135-usb-virus-safety


မသိကြသေးသော သူငယ်ချင်းများအတွက် ဗဟုသုတအလို့ငှာ တင်ပြပေးခြင်းဖြစ်ပါသည်။

Admin 

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။