/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, October 24, 2012

.

NLD မှ The Messenger ဂျာနယ်အား တရားစွဲဆိုခြင်း မန်း တရားလွှတ်တော်ချုပ်တွင်စတင်ကြားနာတော့မည် ဖြစ်သော်လည်း ဘယ် မီဒီယာသမားမှ ဆန္ဒမပြရဲ၊ မဝေဖန်ရဲသေး


NLD မှ The Messenger ဂျာနယ်အား တရားစွဲဆိုခြင်း မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော်ချုပ်တွင်စတင်ကြားနာတော့မည် ဖြစ်သော်လည်း ဘယ် မီဒီယာသမားမှ ဆန္ဒမပြရဲ၊ မဝေဖန်ရဲ ကြကြောင်း သတင်းရရှိသည်။

The Messenger ဂျာနယ်ကို တရားစွဲဆိုရန်အတွက် အမှုကို လက် ခံပေးရန် NLD မှ ဦးဥာဏ်ဝင်း၏ လျှောက်လဲချက်ကို အောက်တိုဘာ လ ၂၉ ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်ချုပ်က စတင်ကြားနာသွားမည်ဖြစ်ကြောင်း ဦးဥာဏ်ဝင်းဘက်မှ အကျိုးဆောင် ပေးမည့် ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

''ဦးဥာဏ်ဝင်းရဲ့ လျှောက်လဲ ချက်ကိုပဲ မန္တလေး တရားလွှတ် တော်က ကြားနာဦးမှာ။ အမှုကို ချက်ချင်း လက်မခံသေးဘူး။ ကျွန် တော်တို့ရဲ့ တင်ပြ လျှောက်လဲချက် အပေါ်မှာ လက်ခံသင့် မသင့်ဆိုတာ ဆုံးဖြတ်ဦးမှာ။ လက်မခံဘူးဆိုလည်း အမှုက ပြီးသွားမှာပါ''ဟု ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

The Messenger ဂျာနယ်တွင် ဖော်ပြပါရှိသည့် ကို(ဥပဒေ)၏ ဆောင်းပါးတွင် ရေးသားချက်များ နှင့် ပတ်သက်၍ NLD မှ ဦးဥာဏ် ဝင်းက တရားရုံးများကို မထီမဲ့မြင် မှုဖြင့် တရားစွဲဆိုပေးရန် မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော် ချုပ်တွင် အောက်တိုဘာလ ၁ ရက် ခန့်က တင်ပြထားခြင်းဖြစ်သည်။

''တရားစွဲဆိုမှုနဲ့ ပတ်သက်လို့ ကျွန်တော့်ကို တချို့က ဝေဖန်ရေး သားတာလေးတွေ ရှိပါတယ်။ တရားရုံးမှာ တရားစီရင်နေဆဲကို ဆောင်းပါးရှင်က ရေးတာကို ဂျာနယ်က ထည့်လိုက်တယ်။ တရား စီရင်ရေးကို ထိခိုက်တဲ့ ကိစ္စမို့လို့ တရားစွဲတာပါ။ လျှောက်လဲချက် ကြားနာဖို့ အဆင့်ဆင့်ကို တရား လွှတ်တော်ရုံးကပဲ ဂျာနယ်ကို အကြောင်းကြားပါလိမ့်မယ်''ဟု NLD မှ ဦးဥာဏ်ဝင်းက ပြောသည်။

The Messenger ဂျာနယ်ကို တရားစွဲဆိုရန်အတွက် NLD ပါတီ ဗဟိုကော်မတီဝင် အစည်းအဝေး တွင် ဆွေးနွေးမှုများ ရှိခဲ့ကြောင်း ဟံသာဝတီဦးဝင်းတင်က ပြောသည်။

''ဆောင်းပါးထဲမှာ တရားခံ ဆိုတဲ့ အသုံးနှုန်းပါတယ်လို့ သိရ တယ်။ ဒီရေးသားမှုအပေါ် ဦးဥာဏ်ဝင်းအနေနဲ့ တရားစွဲသင့်တယ်လို့ ထင်ပါတယ်။ မီဒီယာမို့လို့ ကင်း လွတ်ခွင့်ရှိတယ်။ တရားမစွဲသင့်ပါ ဘူးဆိုတာကို ကျွန်တော်တော့ သိပ်မရှင်းဘူး''ဟု The Messenger ဂျာနယ်ကို တရားစွဲဆိုမှုအပေါ် ဟံ သာဝတီဦးဝင်းတင်က ၄င်း၏အမြင် ကို ပြောသည်။

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။