/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, October 24, 2012

.

ပြည်ပနိုင်ငံ ၂၀၀ ကျော်ကနေ အမ်အိုဘီဘဏ်ကို ငွေလွှဲနိုင်

မလေးရှား၊ စင်ကာပူ၊ ထိုင်းစတဲ့ ပြည်ပနိုင်ငံပေါင်း ၂၀၀ ကနေ မြန်မာနိုင်ငံက မြန်မာအရှေ့တိုင်းဘဏ် (MOB) ကို လာမယ့် နိုဝင်ဘာလဆန်းကစပြီး ငွေလွှဲပို့နိုင်ပြီလို့ သိရပါတယ်။

“အဓိကကတော့ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အဓိကထားတယ်၊ နိုင်ငံခြားခရီးသွားတွေလဲ သူတို့နိုင်ငံက ငွေလွှဲပေးချင်ရင် အဆင်ပြေအောင်လို့ပါ” လို့ MOB ဘဏ်ရုံးချုပ် Western Union Money Transfer Service Head Office မှ လက်ထောက်အထွေထွေမန်နေဂျာ ဒေါ်ဖြိုးသူထွေက ပြောပါတယ်။

MOB ဘဏ်ဟာ Western Union Money Transfer Service ကုမ္ပဏီနဲ့ ပြီးခဲ့တဲ့ သြဂုတ်လက သဘောတူညီမှု စာချုပ်ချုပ်ဆိုခဲ့ပြီး Western Union ရဲ့ ပထမဆုံး အေးဂျင့်တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

ပြည်ပကနေ လွှဲတဲ့ငွေက လျှို့ဝှက်နံပါတ် ပါရှိတာကြောင့် မြန်မာနိုင်ငံက ငွေလက်ခံသူအနေနဲ့ မှတ်ပုံတင်၊ ထိန်းချုပ်နံပါတ်သိဖို့ လိုပါတယ်။ ထိန်းချုပ်နံပါတ်ကို Western Union မှ ငွေလက်ခံမယ့်သူကို ဆက်သွယ်ပေးပို့မှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက နိုင်ငံခြားသားတွေအနေနဲ့ ငွေထုတ်ယူချင်ရင် ပတ်စ်ပို့မူရင်းနဲ့ ဗီဇာသက်တမ်းတွေ ပြရမှာ ဖြစ်ပါတယ်။ ပြည်ပကနေ မြန်မာနိုင်ငံရှိ MOB ဘဏ်ခွဲတိုင်းကို ငွေလွှဲပို့နိုင်တယ်လို့ သိရပါတယ်။ ငွေလက်ခံသူတွေက ငွေလွှဲခပေးစရာ မလိုဘဲ ဝန်ဆောင်ခအားလုံးကို Western Union ဘက်က ကျခံမှာဖြစ်တယ်လို့ သိရပါတယ်။

Western Union Asia-Pacific ကုမ္ပဏီက နိုင်ငံပေါင်း ၂၀၀ ကျော်နဲ့ ချိတ်ဆက်ထားပြီး အေဂျင်စီပေါင်း ငါးသိန်းတစ်သောင်းကျော်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“MOB ဘဏ်အနေနဲ့ နောက်ထပ် money transfer service တွေ၊ mobile banking စနစ်တွေနဲ့ တခြားဝန်ဆောင်မှုတွေ ဆက်ပြီးတိုးချဲ့ဦးမှာပါ” ဟု လက်ထောက် အထွေထွေမန်နေဂျာ ဒေါ်ဖြိုးသူထွေးက ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

http://www.khitlunge.net.mm/news/news_detail.aspx?info_id=27523

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။