/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, October 17, 2012

.

ကိုယ့်ဖေ့စ်ဘွတ်ခ်စာမျက်နှာကို Like လုပ်တိုင်း ကိုယ့်ကို ပွေ့ဖက်သည့် ခံစားမှုပေးမည့် ဂျာကင်အင်္ကျီ ၀တ်ဆင်နိုင်တော့မည်

ဖေ့စ်ဘွတ်ခ်တွင် ကိုယ်တင်လိုက်သည့် စာသား၊ ဓာတ်ပုံ၊ ဗီဒီယို စသည်များကို မိတ်ဆွေများက Like လုပ်သည့်အခါ ကိုယ့်ကို ချစ်သူခင်သူများရှိသည်ဟူသော ခံစားမှုပေါ်လာကာ လူက ရင်ထဲတွင် နွေးထွေးလာတတ်သည်။ ယခုအခါ ထိုသို့ ရင်ထဲတွင် နွေးထွေးရုံသာမက မိတ်ဆွေများက Like လုပ်တိုင်း ကိုယ့်ကို ပွေ့ဖက်အားပေးသည့်နှယ် ခံစားရမည့် ဂျာကင်အင်္ကျီကို တီထွင်လိုက်ပြီဖြစ်သည်။ ထိုဂျာကင်အင်္ကျီကို မိုဘိုင်းဖုန်းဖြင့် ကြိုးမဲ့စနစ်သုံးကာ ချိတ်ဆက်ထားရမည် ဖြစ်သည်။ ဖေ့စ်ဘွတ်ခ် မိတ်ဆွေတစ်ယောက်က ကိုယ်တင်လိုက်သည်ကို Like လုပ်တိုင်း မိုဘိုင်းဖုန်းက ဂျာကင်အင်္ကျီထံသို့ အချက်ပေးမည်ဖြစ်သည်။ ထိုအခါ ဂျာကင် အင်္ကျီသည် လေဖြင့် ပြည့်တင်းလာကာ ၀တ်ဆင်ထားသူကို ပွေ့ဖက်လိုက်သည့် ခံစားမှုမျိုး ပေးအောင် စီမံထားသည်။ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်မှ ကျောင်းသူ မလီဆာ ချိုးက ထိုဂျာကင်ကို ဆန်းသစ်တီထွင်ခဲ့ခြင်း ဖြစ်သည်။ ဝေးကွာနေသူချင်း အနီးကပ်ဆုံးရှိနေသည့်အလား ခံစားမှုပေးမည့် နည်းလမ်းများ ဖော်ထုတ်ရေး ပရောဂျက်အရ တီထွင်ဆန်းသစ်မှုတစ်ခုမျှသာ ရှိသေးပြီး နောက်ထပ် အလားတူ တီထွင်ဆန်းသစ်မှုများလည်း ထွက်ပေါ်လာဖွယ်ရှိကြောင်း သိရသည်။ ထိုဂျာကင်ကို Like-A-Hug ဟု အမည်ပေးထားသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။