/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, October 17, 2012

.

ပန်းချီများ၊ ကာတွန်းသရုပ်ဖော်ပုံများကို သက်ဝင်လှုပ်ရှားလာစေမည့် အိုင်ဖုန်း အပလီကေးရှင်းသစ်

ငြိမ်သက်နေသော ပန်းချီကားများ၊ ကာတွန်းသရုပ်ဖော်ပုံများကို အိုင်ဖုန်း ကင်မရာနှင့် ရိုက်လိုက်ရုံဖြင့် ထိုပုံများသည် သက်ဝင်လှုပ်ရှားလာကာ လက်တွေ့ဘ၀ ခံစားမှုကို ပေးစွမ်းမည့် အပလီကေးရှင်းကို အိုင်ဖုန်းသုံးသူများ အသုံးပြုနိုင်ကြတော့မည်ဖြစ်သည်။ ထို အပလီကေးရှင်းကို AART ဟု အမည်ပေးထားသည်။ ထိုအပလီကေးရှင်းကို ဂျပန်နိုင်ငံမှ အနုပညာဒီဇိုင်နာ ကာမတ်ဆု မာဆာယူကီနှင့်အဖွဲ့က တီထွင်ခဲ့ခြင်း ဖြစ်သည်။ AART ကို အသုံးပြုခြင်းဖြင့် ပန်းချီကားများထဲတွင် မြုပ်ဝင်နေသော အသက်ဓာတ်ကို ဖော်ထုတ်ခံစားနိုင်မည်ဟု ဒီဇိုင်းအဖွဲ့က ဆိုသည်။ မိုနာလီဇာ ပန်းချီကား၊ ဗန်ဂိုး၏ နေကြာပန်း ပန်းချီကားနှင့် အခြားသော ကမ္ဘာကျော် ပန်းချီကားများအတွက် ရုပ်ကြွများကိုလည်း ထိုအပလီကေးရှင်းတွင် ထည့်သွင်းထားပြီး အခြားသော အနုပညာလက်ရာများအတွက်လည်း စဉ်ဆက်မပြတ် ချဲ့ထွင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုနည်းပညာကို အသုံးပြု၍ စာအုပ်များတွင်လည်း သက်ဝင်လှုပ်ရှားနေသော ရုပ်ကြွပုံများ ထည့်သွင်းထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဦးဆုံးအနေနှင့် Alice in Wonderland စာအုပ်ကို စမ်းသပ်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။