/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, October 1, 2012

.

၂၀၁၁ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်မှုအတွက် စိစစ်မှုများ စတင်ပြုလုပ်နေ

၂၀၁၁ ခုနှစ် အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အတွက် ရွေးချယ် ထားတဲ့ ရုပ်ရှင်ဇာတ်ကား ၁၅ ကားကို ယခု စက်တင်ဘာလအတွင်းမှ စတင်ကာ စိစစ်ကြည့်ရှု အကဲဖြတ်မှု များ စတင်ပြုလုပ် နေပြီ ဖြစ်တယ်လို့ ရုပ်ရှင်ထူးချွန်ဆု အခြေခံ စိစစ် တည်းဖြတ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီလို အကဲဖြတ် ရွေးချယ် ထားတဲ့ ၂၀၁၁ ခုနှစ် အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အတွက် ဇာတ်ကားများမှာ ဟော့ရှော့ ၃၊ အလန်းဇယား၊ ငါ့နှမလေးပွသွားပြီ၊ လာထား အာဘွား-၂၊ အိုင်လပ်ဖ်ယူ၊ ဖလန်းဖလန်း ဖြစ်တဲ့ အချစ် ၊ အားလုံးက ဟော့မှကြိုက်တယ် ၊ ချောကလက် ဘေဘီ ၊ ၀ဋ်ကြွေး ၊ ထာဝရ အလင်းတန်းများ ၊ ချိန်း၊ ချစ်ပန်းဝေ၊ အမွှေဇယား၊ ရင်ကွဲနာ၊ ပန်းကြာဝတ်မှုန် အစရှိတဲ့ ဇာတ်ကားများပဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယခုနှစ် ထူးချွန်ဆု ချီးမြှင့်ပွဲ မှာတော့ စိစစ် အကဲဖြတ်ရေး အဖွဲ့ကို ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး ယခင်က ၁၅ ဦးနဲ့ ရွေးချယ်မှာမှ ယခုနှစ်တော့ သရုပ်ဆောင် အတတ်ပညာရှင် ၂ ဦး ထည့်သွင်းပြီး စုစုပေါင်း ၁၇ ဦးနဲ့ ရွေးချယ်ပေး သွားမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။ ဒါ့အပြင် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးပွဲကို ၂၀၁၁-၂၀၁၂ ခုနှစ် အတွက် ရန်ကုန်မြို့မှာ ကျင်းပ နိုင်ဖို့ အတွက်ကို စီစဉ်ဆောင်ရွက် လျက်ရှိနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်လောက်က စတင်ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာန ထံကို တင်ပြထားတာ ဖြစ်တယ်လို့ သိရပါတယ်။

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။