/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, October 1, 2012

.

သမ္မတကြီးပြောစကား မြန်မာစစ်တပ် နားမထောင်


အမေရိကန်နိုင်ငံသို့ ရောက်ရှိစဉ် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် မှ တပ်မတော်၏ တာဝန်မှာ နိုင်ငံတော် ကာကွယ်ဖို့ နှင့် အခြေခံဥပဒေ ကိုသာ ကာကွယ်ဖို့ ပြောဆိုခဲ့ကြောင်း ပြောဆိုခဲ့ပေမယ့် တပ်မတော်သားများဟာ သမ္မတကြီး စကားကို နားမထောင်ပဲ နိုင်ငံတော် ကာကွယ်ရေး သာမကပဲ အခြားလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

လက်တလောအားဖြင့် စစ်တွေမြို့ နယ်မြေခံတပ်မတော် ဆေးတပ်ဖွဲ့ဝင်များသည် နိုင်ငံတော် ကာကွယ်ရေးမလုပ်ပဲ စစ်တွေမြို့ ကယ်ဆယ်ရေးစခန်းများရှိ ဒေသခံပြည် သူများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများလှည့်လည်ဆောင်ရွက်ပေး လျက်ရှိရာ စက်တင်ဘာ ၂၈ ရက်က စစ်တွေမြို့ ဓညဝတီ ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များအပါအဝင် ဒေသခံ ပြည်သူများကို ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ကျန်းမာရေးပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ခြင်အန္တရာယ်ကင်းရှင်း စေရေးအတွက် ခြင်ဆေး ဖျန်းခြင်း၊ ရေတွင်းရေကန်များတွင် ကလိုရင်းဆေး ခတ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဤ ကဲ့သို့ တပ်မတော်သားများမှ အခြားလုပ်ငန်းများကို ဝင်ရောက် ပါဝင်လုပ်ဆောင်ခြင်း နှင့် ပတ်သက်ပြီး ဂျာနယ်ပေါင်း ၁၀၀ လောက်ရှိနေပေမယ့် ဘယ်မီဒီယာကမှ ဖော်ပြဝေဖန်ခြင်း လုံးဝ မရှိကြောင်း သိရသည်။

Myanmar Express

1 comment:

  1. တပ်မတော်ထဲမှာ မပျော်မွေ့ဘဲ တစ်သက်စာအကျဉ်းကျခံနေရတဲ့ တပ်မတော်သားတွေအများကြီးပါ။ ဒါအမိန့်ပဲ ဆိုပြီး အနိုင်ကျင့် ခိုင်းစေခွင့်ရနေတဲ့ အထက်လူကြီးတွေရဲ့ ခိုင်းစေချက်ကြောင့် မလုပ်ချင်ဘဲလုပ်နေရသူတွေ ဒုနဲ့ဒေးပါ

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။