ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ် ပေါ်ခဲ့သော ဘာသာရေးစွဲအစွန်း ရောက်အကြမ်းဖက်မှုများနှင့်ပတ် သက်၍ “၈၈”ကျောင်းသား၊ရွှေဝါ ရောင် သံဃာ့တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သူ ဦးကံညွှန့်မှ ပြင်းထန်စွာရှုတ်ချကြောင်းနှင့် ယနေ့ကမ္ဘာပေါ်တွင် ယဉ်ကျေး သော လူ့အဖွဲ့အစည်းသို့ ဦးတည် နေပြီဖြစ်သည့်အတွက် လူမျိုးရေး၊ ပုဂ်္ဂိုလ်စွဲ၊ဂိုဏ်းဂဏစွဲများ ဆုပ် ကိုင်မထားသင့်တော့ကြောင်း သူ ၏သဘောထားကို ပြောပြခဲ့ သည်။
““အမှန်တကယ်တော့ လူ နည်းစု ဗုဒ္ဓဘာသာဝင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက အကာ အကွယ်ပေးသင့်တယ်လို့ထင်တယ်၊ အလွန်ယဉ်ကျေးသိမ်မွေ့တဲ့ အစ္စ လာမ်ဘာသာဝင်တွေက ဒါမျိုး တွေမလုပ်သင့်ဘူး။ရိုင်းစိုင်းတဲ့မင်း မဲ့စရိုက်ဆန်တဲ့ အပြုအမူတွေ လုပ်တာပြင်းပြင်းထန်ထန်ကန့် ကွက်တယ်၊ရှုတ်ချတယ်၊အစ္စလာမ် ဘာသာဝင်တွေကို မြန်မာနိုင်ငံ မှာ လေးလေးစားစားဆက်ဆံတာ ပဲ၊ဗုဒ္ဓဘာသာဝင်တွေကို လေးစား သင့်တယ်၊အစ္စလာမ်ဘာသာသည် လုံးဝအကြမ်းဖက်တဲ့ ဘာသာမ ဟုတ်ပါဘူး၊အကြမ်းဖက်တဲ့မူဆလင် မှန်သမျှသည် လုံးဝမူဆလင် မဟုတ်ဘူး။ ပြီးတော့ မူဆလင်လို့ လည်း မသတ်မှတ်သင့်တော့ဘူး။
ဒါကြောင့် အစ္စလာမ်ဘာသာကို ထဲထဲဝင်ဝင် သေချာမလေ့လာတဲ့ လူနည်းစုတွေဟာ အစွန်းရောက် လာကြပြီး၊အကြမ်းဖက်ဝါဒကို စွဲ ကိုင်လာတဲ့အတွက် တကယ် လေ့လာနေတဲ့၊ထဲထဲဝင်ဝင် သိတဲ့ အစ္စလာမ်ဘာသာဝင်တွေကို စော်ကားတာနဲ့အတူတူပါပဲ၊ဒါ ကြောင့် ဒီလိုအကြမ်းဖက်မှုတွေ ကို ရှုတ်ချတယ်။
ကျွန်တော်လဲ အစ္စလာမ်ဘာသာဝင်၊မြန်မာ-မူ ဆလင်တစ်ယောက်ပါ၊ဒါကြောင့် နိုင်ငံတိုင်းမှာ လူနည်းစု ဘာသာ ၀င်တွေကို အများစုဘာသာဝင် တွေက အကာအကွယ်ပေးသင့် ပါတယ်။
မူဆလင်သော်လည်း ကောင်း၊ဟိန္ဒူသော်လည်းကောင်း၊ ဗုဒ္ဓဘာသာသော်လည်းကောင်း၊ ခရစ်ယာန်ဘာသာဝင်သော်လည်း ကောင်း၊အကြမ်းဖက်ဝါဒတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချသင့်ပါ တယ်””ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပေါ်ပေါက်ခဲ့သော ဗုဒ်္ဓဘာသာ ၀င်ဆိုင်ရာ သာသနာ့ အဆောက် အအုံများကို ဖျက်ဆီးအကြမ်းဖက် မှုများနှင့်ပတ်သက်၍ ပြောပြခဲ့ သည်။
နေမင်းညို
![](http://i1020.photobucket.com/albums/af326 /bookwise77/printer-button-2.gif)
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။