/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, October 8, 2012

.

ခုနှစ်ရက်သားသမီးအတွက် ( ၈.၁၀.၁၂) မှ ( ၁၄.၁၀.၁၂)ထိ တပတ်စာဗေဒင်ဟောစာတမ်း

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

ထီပေါက်တတ်ခြင်း၊ နိုင်ငံရပ်ခြားနှင့်ပတ်သက်သောကိစ္စများလုပ်ကိုင်ရခြင်း၊ နိုင်ငံရပ်ခြားမှလက်ဆောင် ပစ္စည်းများရောက်လာတတ်ခြင်းများဖြစ်တတ်သည်။ ထွက်ထားသောရွှေထည်များပြန်ဝင်ခြင်း၊ ရွှေပြင်ရခြင်းများဖြစ်မည်။ အလုပ်တွင်စိတ်တိုင်းမကျစရာများဖြစ်နေတတ်သည်။ စက်ပစ္စည်းများပျက်ခြင်း၊ ပျောက်ခြင်းများဖြစ်တတ်သည်။ သူခိုးခိုးခံရတတ်သည်။ ခင်မင်သောမိတ်ဆွေများနှင့်လမ်းခွဲရတတ်သည်။

ကျန်းမာရေး။ သွေးပေါင်ကျခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ အမျိုးသားစိတ်ပြောင်းနေတတ်သည်။ အစစအရာရာသည်းခံပြီးပွင့်ပွင့်လင်းလင်းပြောဆိုတိုင်ပင်ပါ။
ယာတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရေသပ္ပယ်ဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၆ ၈ ၉ ၀)

တနင်္လာသားသမီးများ၏ကံကြမ္မာ

အလုပ်တွင်အရင်ကထက်စိတ်ပင်ပမ်းလူပင်ပမ်းဖြစ်နေတတ်သည်။ မအားရအောင်အလုပ်များနေမည်။ ၀င်ငွေကောင်းခြင်း၊ စီးပွားကောင်းခြင်းများဖြစ်နေမည်။ ဖုန်းပျက်ခြင်း၊ ကြာသပတေးနံကြောင့်ငွေကုန်ခြင်း များဖြစ်နေတတ်သည်။ မိတ်ဆွေသစ်များရတတ်သည်။ ဘ၀တလျှောက်အတွက်စီးပွားဘက်ဖြစ်တတ်သည်။ နိုင်ငံရပ်ခြားနှင့်ပတ်သက်သောကိစ္စများလုပ်ရန်အကြံဥာဏ်ပေးသူရှိလာတတ်သည်။ အစစအရာရာ အဆင်ပြေနေသောအချိန်ဖြစ်သည်။

ကျန်းမာရေး။ ချောင်းဆိုးနေတတ်သည်။
အချစ်ရေး။ ဘ၀အတွက်လက်တွဲဖေါ်ကောင်းနှင့်တွေ့နေသောကြောင့်ပျော်ရွှင်နေမည်။
ယာတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နေကထိုင်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၆ ၁ ၀)

အင်္ဂါသားသမီးများ၏ကံကြမ္မာ

အလုပ်သစ်ရနေတတ်သည်။ စိတ်တိုင်းမကျလဲဖြစ်နေမည်။ အလုပ်ပြောင်းရန်စိတ်ကူးနေတတ်သည်။ သို့သော်မပြောင်းလျှင်ပိုကောင်းသည်။ ယခုအချိန်သည်။ဘယ်အလုပ်မှာဘဲဖြစ်ဖြစ်စိတ်တိုင်းမကျဖြစ်နေမည်။ သည်းခံပြီးလုပ်ပါ။ ၀င်ငွေကောင်းမည်။ စိတ်ပင်ပမ်းခြင်း၊ အတိုက်အခိုက်ရှိခြင်းကြောင့်အလုပ်တွင်မပျော်ရွှင် ခြင်းဖြစ်နေတတ်သည်။ မိမိအိမ်နားပတ်ဝန်းကျင်နှင့်သဟဇာတမဖြစ်ခြင်းဖြစ်နေတတ်သည်။ အစစအရာရာ စိတ်တိုင်းမကျသောအချိန်ဖြစ်နေသည်။ မကြာခင်အ ဆင်ပြေသွားပါလိမ့်မည်။

ကျန်းမာရေး။ ကိုယ်လက်ကိုက်ခဲနေတတ်သည်။
အချစ်ရေး။ စိတ်ဝင်စားခြင်းမရှိနိုင်သေးသောအချိန်ဖြစ်နေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားရွှေသင်္ကန်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၄ ၁ ၂ ၃)

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

ရပ်ဝေးမှဆွေမျိုးများရောက်လာသောကြောင့် အလုပ်များနေတတ်သည်။ လူပင်ပမ်းခြင်းထက်စိတ်ပင်ပမ်းခြင်းပိုများနေ တတ်သည်။ ငွေများစွာလည်းကုန်မည်။ အလုပ်တွင်ဝင်ငွေပုံမှန်ဖြစ်နေတတ်သည်။ မိမိအလုပ်တွင် နာမည်ကောင်းရနေ တတ်သည်။ လက်အောက်ငယ်သားကောင်းများရှိနေခြင်းကြောင့်အစစအရာရာ အဆင်ပြေနေမည်။ မကြာခင် စီးပွားတက်ခြင်း၊ ရာထူးတက်ခြင်း၊ လစာကောင်းခြင်းများဖြစ်မည်။

ကျန်းမာရေး။ အကြောများနာနေမည်။ အဆုတ်နှင့်ပတ်သက်ပြီးဆေးသောက်နေရတတ်သည်။
အချစ်ရေး။ လက်ထပ်ရန်ပူဆာနေခြင်းကြောင့်စိတ်ညစ်နေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပန်းပေါင်းစုံကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၂ ၄ ၇ )

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

အိုးသစ်အိမ်သစ်နေရာသစ်ပြောင်းရတတ်သည်။ အလှူလုပ်ရတတ်သည်။ အလှူလုပ်ပြီးသော်စီးပွားတက်မည် ။ ရွှေအသစ်ဝင်ခြင်း၊ စိန်လက်စွပ်ဝင်ခြင်း၊ပုလဲလက်စွပ်ဝင်ခြင်းဖြစ်တတ်သည်။ ငွေများစွာဝင်မည်။ သို့သော်ကုန်စရာ များလည်းဆက်တိုက်ဖြစ်နေမည်။ အလုပ်တွင်အခက်အခဲ အတိုက်အခံများရှိနေမည်။ အစစအရာရာသတိထားပါ။ မီးသတိထားပါ၊ မီးကြောင့်အမှုအခင်းဖြစ်တတ်သည်။

ကျန်းမာရေး။ အပူလောင်တတ်သည်။ မီးသတိထားသုံးပါ။
အချစ်ရေး။ အစစအရာရာစိတ်ချမ်းသာမှုများဖြစ်နေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရောင်တော်ဖွင့်ပါ။
အကျိုးပေးဂဏန်း။ ( ၃ ၅ ၃ ၆)

သောကြာသားသမီးများ၏ကံကြမ္မာ

အလုပ်များနေတတ်သည်။ အလုပ်အကိုင်တိုးတက်ခြင်းဖြစ်သည်။ ငွေများဝင်သည်။ သို့သော်မိမိသုံးနေသော စက်ပစ္စည်းပျက်သောကြောင့်ငွေကုန်စရာဖြစ်နေသည်။ အလုပ်တွင်နာမည်ဂုဏ်သတင်းတိုးတက်ခြင်းဖြစ်နေသည်။ မိမိအလုပ်တွင်လည်းအောင်မြင်သောသတင်းကောင်းများဆက်တိုက်ဖြစ်နေတတ်သည်။ နိုင်ငံခြားနှင့်ပတ်သက်သောသတင်းကြားလည်းကြားရတတ်သည်။

ကျန်းမာရေး။ ခြေထောက်ထုံကျင်နေတတ်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ မိမိအပေါ်သစ္စာဖောက်ခြင်းသလိုဖြစ်နေတတ်သည်။ လှေနံနှစ်ဖက်နင်းခြင်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရွှေထီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၁ ၅ ၃)

စနေသားသမီးများ၏ကံကြမ္မာ

နိုင်ငံရပ်ခြားခရီးရှိခြင်း၊ နိုင်ငံရပ်ခြားမှလက်ဆောင်ပစ္စည်းများ၊ စနေနံပစ္စည်းများရောက်လာခြင်းများဖြစ်တတ်သည်။ ကွန်ပြူတာဝင်ခြင်း၊ ဖုန်းဝင်ခြင်းဖြစ်တတ် သည်။ စက်ပစ္စည်းများပျက်ခြင်း၊ ထွက်ခြင်း၊ မျက်မှန်ဒီဂရီတိုးရခြင်းဖြစ် တတ်သည်။ ငွေလူလိမ်ခံရတတ်သည်။ ရပ်ဝေးမှနာရေးသတင်းကြားရတတ်သည်။ မိတ်ဆွေဟောင်းများနှင့်စကားများရတတ်သည်။ စီးပွားရေးအလွန်ကောင်းနေမည်။ မိန်းကလေးအနှောင့်အယှက်တွေ့ရတတ်သည်။ သတိထားပါ။

ကျန်းမာရေး။ လက်ကိုက်နေတတ်သည်။
အချစ်ရေး။ စန်းပွင့်နေချိန်ဖြစ်နေသည်။ စိတ်တိုင်းကျရွေးချယ်ပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ထီးဖြူ (၂)လက်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၂ ၀ ၅ ၅)

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး
ဖုန်း- +6016 6903 513 ,+6018 2250 510
E-mail:swezinwati@gmail.com

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။