/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, September 24, 2012

.

ရန်ကုန်-မန္တလေး-ပြင်ဦးလွင်-လားရှိုး အဆင့်မြင့် ယာဉ်လိုင်းသစ် ဖွင့်ပြီ



ရန်ကုန်မြို့မှ မန္တလေး-ပြင်ဦးလွင်-လားရှိုးအထိ တိုက်ရိုက်သွားလိုသော ခရီးသည်များအတွက် စိတ်ချလုံခြုံရသော မောင်းနှင်မှုစနစ် ကျယ်ဝန်း၍ သက်သောင့်သက်သာရှိသော ကောင်းမွန်သည့် ထိုင်ခုံများနှင့် နွေးထွေးပျူငှာသော ဝန်ဆောင်မှုများဖြင့် “မန်းရွှေပြည်” Express ယာဉ်လိုင်းသစ်ကို စက်တင်ဘာ ၅ ရက်က စတင်ပြေးဆွဲနေပြီဖြစ်သည်။

ယင်းယာဉ်လိုင်းသည် ၁၉၉၈ ခုနှစ်ကတည်းက ရန်ကုန်-မန္တလေး ခရီးစဉ်တစ်ခုတည်းကိုသာ ပြေးဆွဲခဲ့သော်လည်း ယခုအခါ ရန်ကုန်-မန္တလေး-ပြင်ဦးလွင်-လားရှိုးအထိ တိုးချဲ့ပြေးဆွဲခြင်းဖြစ်သည်။ အဆိုပါ ယာဉ်လိုင်းတွင် ရှေးဦးသူနာပြု သင်တန်းဆင်းပြီးသူ အမျိုးသမီး ယာဉ်နောက်လိုက်များ ထားရှိကာ ကျန်းမာရေး စောင့်ရှောက်မှုပေးစေခြင်း၊ ကော်ဖီအအေးများဖြင့် ကြိုက်နှစ်သက်ရာ သုံးဆောင်နိုင်ရန် စီစဉ်ပေးထားခြင်းနှင့် လက်မှတ်များကိုလည်း အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခြင်း စသော ဝန်ဆောင်မှုပေးသည့် ယာဉ်လိုင်းဖြစ်ကြောင်း သိရသည်။

လားရှိုးသို့ ရန်ကုန်မှ တိုက်ရိုက်သွားသည့် ခရီးသည်တစ်ဦးကလည်း “မန်းရွှေပြည် Express” နှင့် ခရီးသွားရတာ သက်သောင့်သက်သာ ရှိတယ်။ ထိုင်ခုံတွေကလည်း နူးညံ့နေတော့ ခရီးရှည်သွားတဲ့ သူတွေအတွက် တော်တော် အဆင်ပြေတယ်။ ကျန်းမာရေးအတွက်လည်း သူနာပြု သင်တန်းဆင်းတွေပါတော့ ပျို့အန်ရင်လည်း မပူရဘူးပေါ့လို့” ဆိုပါတယ်။
ယခုအခါ ရန်ကုန်မြို့မှ လားရှိုးမြို့သို့ တိုက်ရိုက်သွားလာနိုင်ပြီ ဖြစ်၍ ခရီးသွားများအနေဖြင့် စိတ်ချမ်းသာ အဆင်ပြေ ချောမွေ့နေ ပါကြောင်း ခရီးသွားများထံမှ ကြားသိရသည်ဟု ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။