/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, September 24, 2012

.

ခုနှစ်ရက် သားသမီးများအတွက် ( ၂၄.၉.၁၂) မှ ( ၃၀.၉.၁၂) ထိ တပတ်စာဗေဒင် ဟောစာတမ်း

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

နိုင်ငံရပ်ခြားခရီးသွားရခြင်း၊ အလုပ်ပြောင်းရခြင်း၊ ပြောင်းလျှင်ကောင်းသည်။ ငွေများစွာဝင်ခြင်း၊ ထီပေါက်တတ်ခြင်း၊ ကားဝင်ခြင်း၊ တိုက်ခန်းဝင်ခြင်းဖြစ်တတ်သည်။ အရေးကြီးစာရွက်စာတမ်းကြောင့်၎င်း၊ လက်အောက်ငယ်သားကြောင့်၎င်း စိတ်ညစ်စရာဖြစ်နေတတ်သည်။ အထက် လူကြီးဆရာသမား၏မစ ခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်း များဖြစ်တတ်သည်။

ကျန်းမာရေး။ ယားနာပေါက်ခြင်း၊ ရေယုံပေါက်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စန်းအားကောင်းနေသည်။ အထူးသတိပြုပါ။ အိမ်ထောင်ရှင်များ၏စိတ်ဝင်စားခြင်းပိုအားကောင်းနေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းစိမ်းရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၂ ၀ ၆ ၂)

တနင်္လာသားသမီးများ၏ကံကြမ္မာ

အလုပ်တွင်အတိုက်အခံကြောင့်အလုပ်ပြောင်းချင်နေမည်။ ကောင်းသည်ပြောင်းပါ။ ငွေဝင်မည်။ သို့သော်ငွေအကုန်များနေမည်။ အစွတ်အစွဲခံရတတ်ခြင်း၊ ငွေကြေးစာရင်းအင်းမှားပြီးငွေစိုက်ဖြေရှင်းရခြင်း၊ ငွေကြောင့်သိက္ခာကျခြင်းများဖြစ်တတ်သည်။ သတိရှိပါ။ စက်ပစ္စည်းပျက်ပြီး အသစ်ဝင်တတ်သည်။ ရွှေ၊ နာရီထွက်တတ်သည်။

ကျန်းမာရေး။ ဆေးစားမှားခြင်း၊ ဆေးထိုးမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး။ လိမ်လည်လှည့်ဖျားခြင်းခံရတတ်သည်။ အထူးသတိထားပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြံရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၆ ၅ ၅ )

အင်္ဂါသားသမီးများ၏ကံကြမ္မာ


စီးပွားတိုးချဲ့ရတတ်သည်။ စီးပွားရေး၊ လူမူရေး၊ အစစအရာရာအောင်မြင်နေချိန်ဖြစ်တတ်သည်။ ပျော်ပွဲရွှင်ပွဲသွားခြင်း ၊ ခရီးထွက်ခြင်းလုပ်ပေးပါ။ ရွှေလက်ကောက်ဝင်ခြင်း၊ အိမ်ထောင်ရှင်များသားသမီးရတတ်ခြင်းဖြစ်တတ်သည်။ လေယာဉ်ခရီးသွားရခြင်း၊ ခင်မင်သောမိတ်ဆွေများနှင့်လမ်းခွဲရခြင်းများဖြစ်တတ်သည်။ ဖုန်းကြောင့်စိတ် ညစ်စရာဖြစ်တတ်သည်။ အရေးကြီးစာရွက်စာတမ်းသတိထားပါ။ ပျောက်တတ်သည်။

ကျန်းမာရေး။ ဆီးနှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။
အချစ်ရေး။ မိမိစိတ်တိုင်းကျစိတ်တူကိုယ်တူနှင့်တွေ့ရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဇီးဖျော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၈ ၂ ၂ ၈ )

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

စက်ပစ္စည်းများဝင်ခြင်း၊ စာရွက်စာတမ်းကိစ္စများ၊ စာအုပ်ကိစ္စများအဆင်ပြေခြင်းဖြစ်နေတတ်သည်။ ကွန်ပြူတာဝင်ခြင်း၊ဖုန်းဝင်ခြင်းဖြစ်တတ် သည်။ ရွှေ၊ နာရီ ထွက်တတ်သည်။ အခန်းသစ်၊ အိမ်သစ်ရတတ်သည်။ လူမျိုးခြားများကြောင့်စိတ်ညစ်စရာဖြစ်နေတတ်သည်။ စနေနံပစ္စည်း များထွက်တတ်သည်။ ယခုအချိန်တွင် ငွေရင်းပြီးစီးပွားရေးမလုပ်ပါနှင့်။ ဆုံးရှုံးမှုများမည်။

ကျန်းမာရေး။ သွေးပေါင်ကျခြင်း၊ သွားဒုက္ခပေးနေခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူရည်းစားရတတ်သည်။ သို့သော်အိမ်ထောင်ရှင်ဖြစ်တတ်သည်။ သေသေချာချာစုံစမ်းပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား လိမ္မော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၃ ၀ ၀ ၄)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

အိုးသစ်၊ အိမ်သစ်၊ နေရာသစ်ပြောင်းရွေ့ရခြင်း၊ နှိင်ငံခြားနှင့်ပတ်သက်သောသင်တန်းတက်ရခြင်း၊ ငွေများဝင်မည်။ ကုန်စရာများဆက် တိုက်ဖြစ်တတ်သည်။ ငွေပျောက်တတ်သည်။ စာရွက်စာတမ်း၊ အရေးကြီးစာတစောင်ရောက်လာခြင်းဖြစ်တတ်သည်။ ခင်မင်သောမိတ် ဆွေများနှင့်ကောင်းသောခွဲခြင်းခွဲခွာရတတ်သည်။ ပျော်ရွှင်သောခရီး၊ လေယာဉ်ခရီးသွားရတတ်သည်။

ကျန်းမာရေး။ ဆေးထိုးမှားခြင်း၊ အဆုတ်နှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။
အချစ်ရေး။ မိမိစိတ်တိုင်းကျမတွေ့သေးဘဲဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပန်းသီးဖျော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၁ ၆ ၄ )

သောကြာသားသမီးများ၏ကံကြမ္မာ

အမိနိုင်ငံအလည်အပတ်ပြန်ရတတ်ခြင်း၊ အခြားနိုင်ငံထွက်ရန်ပြင်ဆင်နေသူများ နိုင်ငံရပ်ခြားခရီးကောင်းရှိသည်။ ကွန်ပြူတာဝင်ခြင်း၊ မြေ၀င်ခြင်း၊ ထီပေါက်တတ်ခြင်း၊ ရွှေပြင်ရတတ်ခြင်း၊ အလုပ်တွင်လက်အောက်ငယ်သား၊ အထက်လူကြီးဆရာသမားနှစ်ဦးစလုံးကြောင့် စိတ်ညစ်ရတတ်ခြင်းဖြစ်တတ်သည်။ မိမိမောင်ညီမငယ်များကြောင့်ပူပင်သောကဖြစ်ရတတ်သည်။ ငွေအကူအညီတောင်းခံရတတ်သည်။

ကျန်းမာရေး။ ခြေထောက်ဒဏ်ရာရခြင်း၊ သွေးပေါင်ကျခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သောသူနှင့်အဆင်မပြေဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သရက်သီးဖျော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၇ ၇ ၇ ၅ )

စနေသားသမီးများ၏ကံကြမ္မာ

ရေခြားမြေခြားပင်လယ်ရပ်ခြားခရီးသွားရခြင်း၊ မိမိမရောက်ဖူးသောဒေသသို့သွားရတတ်ခြင်းဖြစ်တတ်သည်။ မျက်မှန်ဝင်ခြင်း၊ ပုဆိုးဝင်ခြင်း၊စိန်လက်စွပ်၊ ပုလဲလက်စွပ်၊ စိန်ထည်ပစ္စည်းဝင်ခြင်း၊ စက်ပစ္စည်းများဝင်ခြင်းများဖြစ်တတ်သည်။ စီးပွားတက်နေခြင်း၊ မိဘများ၊ မိတ်ဆွေဟောင်းများနှင့်ပြန်လည်ဆုံတွေ့ရခြင်းဖြစ်တတ်သည်။ အလုပ်တွင်စီးပွား တက်သော်လည်း ခိုက်ရန်ဒေါသဖြစ်ရတတ်သည်။ သတိထားပါ။

ကျန်းမာရေး။ ထုံကျင်ခြင်း၊ အကြောနာခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူရည်းစားနှင့်အဆင်ပြေခြင်း၊ အချစ်သစ်တွေ့ရတတ်သည်။ သစ္စာရှိပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဒိန်ချဉ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၃ ၂ ၄ )

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*

ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး
ဖုန်း – +6016 6903 513 , +6018 2250 510
E-mail: swezinwati@gmail.com

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။