/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, September 3, 2012

.

ခုနှစ်ရက် သားသမီးများအတွက် ( ၃.၉.၁၂ ) မှ ( ၉.၉.၁၂) အထိ တပတ်စာဗေဒင် ဟောစာတမ်း

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

ငွေဝင်မည်။ သို့သော်အကျိုးမရှိကုန်သွားတတ် သည်။ အလုပ်တွင်စိတ်ဖိစီးမှုများနေမည်။ အလုပ်တွင်လည်းအောက်လက်ငယ်သား များကြောင့်စိတ်ညစ်နေရတတ်သည်။ ငွေအတွက် ပူပင်သောကဖြစ်ပြီး စိတ်များလေနေမည်။ စိတ်လေမှုကြောင့် လောင်းကစားလုပ် နေဖြစ်အောင်ဖြစ်နေတတ်သည်။ အကျိုးမပေးပါ။ ရသလောက်နှင့်ရပ်လိုက်ပါ၊ လောဘကြီးနေလျှင်ရမလိုရမလိုနှင့် ကုန်မည်။သတိရှိပါ။

ကျန်းမာရေး။ အကြောနာခြင်း၊ အစာအိမ်နာခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ နားလည်မှုရှိပြီး၊ ကောင်းမွန်ရာကိုပြောဆိုနိုင်သောလက်တွဲဖေါ်ကောင်းရှိနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြံရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၈ ၀ ၈ ၅)

တနင်္လာသားသမီးများ၏ကံကြမ္မာ

စီးပွားရေးကျနေသောကြောင့်၎င်း၊ သွေးသားအမကြီးကျန်းမာရေးညံ့နေေ သာကြောင့် ၎င်းစိတ်ပူပင်နေရတတ်သည်။ သို့သော်ပျော်ပျော်နေ တတ်သောကြောင့်သက်သာရာရနေမည်။ စီးပွားမကြာခင်ကောင်းလာပါလိမ့် မည်။ ရွှေဝင်ခြင်း၊ အ၀တ်အထည်များဝင်ခြင်းဖြစ်မည်။ သားသမီးရှိလျှင်သားသမီး၏ကောင်း သတင်ကြားရတတ်သည်။ အစစအရာရာကောင်းလာပါမည်။

ကျန်းမာရေး။ လက်မောင်းတွင်အဖုအကျိတ်ဖြစ်ပြီး နာကျင်နေတတ်သည်။
အချစ်ရေး။ တကွဲတပြားဖြစ်နေတတ်သည်။ (တယောက်တနေရာစီဖြစ်နေတတ်သည်)။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင် အား ကော်ဖီကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၁ ၀ ၈ ၀)

အင်္ဂါသားသမီးများ၏ကံကြမ္မာ

နိုင်ငံခြားနှင့်ပတ်သက်သောလုပ် ငန်းများလုပ်ကိုင်ရခြင်း၊ သင်တန်းတက်ရခြင်း စာမေးပွဲဖြေဆိုရခြင်း၊ အင်တာဗြူးဖြေဆိုရခြင်းများဖြစ်တတ်သည်။ စိတ်တွင်အလိုမကျဖြစ်နေခြင်း၊ ဟိုလိုလို၊ဒီလိုလိုဖြစ်နေခြင်း၊ ဟာတာတာဖြစ်နေခြင်းများဖြစ်နေတတ် သည်။ စိတ်၏ဖြေရာ စကားပြောဖေါ်ရှာနေတတ်သည်။ အလုပ်တွင်စိတ်ပင်ပမ်းခြင်း၊ လူပင်ပမ်းခြင်းဖြစ်လိမ့်မည်။ သည်းခံပါ။ ငွေကုန်များနေမည်။ ကျန်းမာရေး။ ကျန်းမာရေးကောင်းမွန်နေမည်။
အချစ်ရေး။ ဘ၀လက်တွဲဖေါ်မရသေးသောအချိန်ဖြစ်ေ နမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား လ္ဘက်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၁ ၈ ၅ ၀)

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

ကွန်ပြူတာဝင်ခြင်း၊ ဖုန်းဝင်ခြင်း ဆက်တိုက်ဖြစ်မည်။ စီးပွားရေးကောင်းနေသလို၊ အပိုဝင်ငွေများလည်းဝင်နေမည်။ အဝေးရောက် ဆွေမျိုးသားချင်းများနှင့်အဆက် အသွယ်ကောင်းများရနေမည်။ အလှူအတန်းများလည်းလုပ်ကိုင်နေရမည်။ အလုပ်တွင်နာမည်ကောင်း ရနေမည်။ စက်ပစ္စည်းဝင်ကိန်းရှိနေသေးသည်။

ကျန်းမာရေး။ အဆုတ်နှင့်ပတ်သက်သောရောဂါကြောင့် ဆေးခန်းသွားနေရတတ်သည်။
အချစ်ရေး။ ၀ိုင်းဝိုင်းလည်နေသော်လည်းစိတ် မ၀င်စားဘဲဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင် အား နွားနို့ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၀ ၇ ၇)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

ရင်းနှီးမြုပ်နှံထားသောငွေများပြန်လည်မ၀င်လာသောကြောင့် မိမိလုပ်ချင်သောကိစ္စများထင်သလော က်မလုပ်ကိုင်နိုင် သေးသော အချိန်ဖြစ်နေသည်။ ဘာသာရေးနှင့် ပတ်သက်သောအလှူအတန်း များဆက်တိုက်လုပ်ကိုင်နေရမည်။ သွေးသားအရင်းထဲမှကျန်းမာ ရေးမကောင်းသူများတယောက်ပြီးတယော က်ဖြစ်နေသောကြောင့် ငွေအား၊ လူအားပြုစုလုပ်ကိုင်ပေးနေရ တတ် သည်။ ပုံမှန်စီးပွားရေးကောင်းနေပါမည်။ နိုင်ငံရပ်ခြားနှင့်ပတ်သက်သော သတင်းကောင်းကြားရ တတ်သည်။

ကျန်းမာရေး။ ခါးမျက်နေတတ်သည်။
အချစ်ရေး။ ပုံမှန်အတိုင်းစိတ်ချမ်းသာနေရမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင် အား ဒိန်ချဉ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၁ ၁၂)

သောကြာသားသမီးများ၏ကံကြမ္မာ

စီးပွားရေးပုံမှန်ဖြစ်နေမည်။ စက်ပစ္စည်းပျက်နေသောကြောင့်စိတ် ညစ်ရခြင်း၊ ငွေကုန်ခြင်းဆက်တိုက်ဖြစ်နေမည်။ စိတ် ညစ်စရာများလည်းဖြစ်နေတတ်သည်။ စီးပွားလက်တွဲဖေါ်အလောင်းအစား ကိစ္စများလုပ်ကိုင်နေသောကြောင့်စိတ် ညစ်နေရတတ်သည်။ နိုင်ငံရပ် ခြားကိစ္စအတွက် အဆက်အသွယ်ကောင်းရနေမည်။ ထူးခြားသောသတင်းကောင်းကြားရမည်။ ငွေများလည်းဆက်တိုက်ဝင်ကိန်းရှိ သည်။

ကျန်းမာရေး။ သွေးတိုးခြင်းဖြစ်နေသည်။
အချစ်ရေး။ မိမိမကြိုက်သောကိစ္စများလုပ်ကို င်နေသောကြောင့် စိတ်ညစ်နေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင် အား ဖာလူဒါကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၅ ၄ ၇ ၆)

စနေသားသမီးများ၏ကံကြမ္မာ

ထီပေါက်တတ်သည်။ အလုပ်သစ်၊ နေရာသစ်ပြောင်းရတတ်သည်။ အလုပ်သစ်တွင်ဝင်ငွေကောင်းသော် လည်း စိတ်ပင်ပမ်းခြင်း၊ ဖြစ်တတ်သည်။ မိဘများအတွက်စိတ်ပူပင်စရာဖြစ်ေ နရတတ်သည်။ မိခင်၊ ဖခင်နှစ်ဦး စလုံးကျန်းမာရေးအနည်းငယ်ညံ့နေတတ်သည်။ အမိနိုင်ငံသို့မကြာခဏပြန်နေရတတ်သည်။ နိုင်ငံရပ်ခြားသွားရန် လုပ်ကိုင် ထားသူများ နိုင်ငံရပ်ခြားခရီးအားကောင်းနေသည်။
ကျန်းမာရေး။ မျက်စိနှင့်ပတ်သက်သောရောဂါ၊ မျက်မှန်တပ်ရခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စိတ်တိုင်းတကျမတွေ့သေးသောအချိန်ဖြစ်နေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရွှေရင်အေးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၈ ၄ ၇ ၄)

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*

ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး
ဖုန်း -+6016 6903 513 ,+6018 2250 510
E-mail:swezinwati@gmail.com

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။