/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, August 27, 2012

.

အဆင့်မြင့် School Bus များ အောက်တိုဘာလတွင် စမ်းသပ် ပြေးဆွဲမည်

အဆင့်မြင့် မီနီဘတ်စ်ကား တွေကို School Bus တွေအဖြစ် စမ်းသပ် ပြေးဆွဲ ပေးမှုကို လာမယ့် အောက်တိုဘာ လက စတင်ကာ Great Father Land ကုမ္ပဏီမှ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ အဆိုပါ ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ School Bus တွေမှာ အဲကွန်း ပါဝင်မှာဖြစ်ပြီး အယောက် ၃၀ စီးနင်း လိုက်ပါနိုင်တဲ့ ကားတွေ ဖြစ်ပါတယ်။ ဒီလို School Bus တွေအဖြစ် စတင် စမ်းသပ် ပြေးဆွဲရာ မှာတော့ ယာဉ် ၄ စီးကို စတင် ပြေးဆွဲမှာ ဖြစ်ပါတယ်။

အခုလို စမ်းသပ် ပြေးဆွဲမှုကို ၄ လကြာ ပြုလုပ်မှာ ဖြစ်ပြီး လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ်မှာ ဆက်လက် ပြေးဆွဲ ပေးသွားဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။ ကုမ္ပဏီမှ အခုလို ကျောင်းကားတွေကို စမ်းသပ် ပြေးဆွဲရ တာဟာ ကျောင်းသားတွေ နေ့စဉ်ကြုံ တွေ့ နေရတဲ့ ကျောင်းကား အခက်အခဲ တွေကို ကူညီ ဖြေရှင်း ပေးဖို့အတွက် ရည်ရွယ် ပြုလုပ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီလို ပြေးဆွဲမှု အတွက် ကျောင်းကားခ ကိုလည်း လက်ရှိပြေးဆွဲမှု ရှိနေတဲ့ ကျောင်းကားတွေ ကောက်ခံတဲ့ ဈေးနှုန်းအတိုင်းသာ ကောက်ခံ သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။