/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, August 27, 2012

.

မြောင်းမြ၊ ဂန့်ဂေါ်ပြီးတော့ ကော့ကရိတ် NLD ပါတီဝင်တွေ နှုတ်ထွက်ကြ


၂၀၁၂ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လွှတ်တော် ကိုယ်စား လှယ် (၄၄)နေရာ ရရှိသွားပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၄င်းအပြင် ပြည်သူ့လွှတ်တော်တွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီတွင် ဥက္ကဌ ဖြစ်သွားသောအခါ ပါတီအနေဖြင့် နိုင်ငံရေးစင်မြင့် တွင် အတိုင်းအတာ တစ်ခုအထိ နေရာရှိလာပါသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ယခုအသက်အရွယ် (၆၇)နှစ်တွင် မြန်မာ့နိုင်ငံရေးလောကတွင် နေရာတစ်ခုရရှိလာသောအခါ အတိုင်းအတာ တစ်ခု အထိ ကျေနပ်သွားဟန်တူပါသည်။ ဆန့်ကျင်ဖက်အသွင်ဆောင်သော အပြုအမှု(Confrontation) လုပ်ဆောင်မှုကို လက်ရှိအစိုးရအပေါ် မရှိတော့ကြောင်း တွေ့ရှိလာရပါသည်။

ပါတီဌာနချုပ်တွင်လည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးများဆောင်ရွက်လာပြီး အသက်အရွယ်ကြီးရင့်သူများကို ပါတီ နာယက အဖြစ်တာဝန်ပေးကာ လွှတ်တော်ကိုယ်စားလှယ် ပါတီဝင်များကို နေရာပေးလာမှု များရှိလာ ပါသည်။ဟိုးယခင် (၁၉၈၈)ခုနှစ်ကတည်းက NLD ပါတီအကျိုးကို ရှေ့တန်းတင်လုပ်ဆောင်လာပြီး 2012 ခုနှစ် နောက်ပိုင်းနေရာမရလာသောပါတီဝင်များနှင့် နေရာရသော ပါတီဝင်များကြား သဘောထား ကွဲလွဲမှုများ ရှိလာပါသည်။

ပါတီတွင်း အာဏာရှင်ဆန်ဆန်ပြုမူလာခြင်း

တိုင်း/ပြည်နယ်အဆင့် NLD ပါတီကော်မတီဝင်များသည် လွှတ်တော်ကိုယ်စားလှယ်မဖြစ်သောလည်း တိုင်းအဆင့် ပြည်နယ်အဆင့်များတွင် နေရာရရှိလာခြင်း။ ပါတီသည်လည်း နိုင်ငံတော်မှ အသိအမှတ်ပြုလာပြီး တရားဝင် နိုင်ငံရေးလမ်းကြောင်းပေါ်လျှောက်လှမ်းလာသောအခါ အာဏာခုံမင်မှုများဖြစ်ပေါ်လာပြီး ၊ အာဏာမက် မော တွယ်တာမှုများရှိလာကာ အာဏာရှင်ဆန်ဆန် ပြောဆိုခိုင်းစေမှုများကြောင့် မြို့နယ် အောက်ခြေ အဆင့်ပါတီဝင်များနှင့် သဘောထားတင်းမာလာပါသည်။ “လက်ညှိုးညွှန် ခိုင်းစေသည့် အတိုင်း လုပ်၊ စောဒက မတက်နှင့်၊ ရဲရဲသာလုပ်၊ မင်းတို့နောက်မှ ငါ့ရှိတယ်။ ငါ့နောက်မှ NLD (ဗဟို)ဥက္ကဌနှင့် အတွင်းရေးမှူးရှိတယ်။ မကြောက်နဲ့ ” စသည့်ဖြင့် ပြောဆိုမှုများအပြင် အာဏာလက်ကိုင်မရသေးသော်လည်း အခွင့်အာဏာကို အစွမ်းကုန်အသုံးချလွန်မှုများကြောင့် အောက်ခြေပါတီဝင်များနှင့် အခြေအတင်အငြင်းပွား မှုများ ဖြစ်ပေါ်လာပါသည်။

အများထင်ထားသည့် NLD ခေါင်းဆောင်ဆိုသည်မှာ

NLDခေါင်းဆောင်ဆိုသည်အီာ သဘောထားကြီးခြင်း၊ အဖွဲ့အစည်းတိုးတက်ရာ တိုးတက်ကြောင်း ကို ရှေ့ရှု့ခြင်း၊ အခက်အခဲမှန်သမျှကို ကူညီဖြေရှင်းပေးခြင်း၊ပွင့်လင်းရိုးသားခြင်း ထင်သာမြင်သာရှိခြင်း၊ အပြန်အလှန်တန်းတူရှိခြင်း၊ နိုင်ငံရေးကို အခြေပြု၍ မိမိ တစ်ကိုယ်ရေ ကျော်ကြားခြင်းအပြင် စီးပွားရေးအမြင့် ကိုယ်ကျိုးစီးပွားကိုရှေ့တန်းမတင်ခြင်း။ ပါတီဝင်ထုနှင့် ပြည်သူလူထုအား တစ်လေးတစ်စား ထောက်ရှု့ခြင်း၊ စည်းမျဉ်း စည်းကမ်းများကို လိုတစ်မျိုး မလိုတစ်မျိုး ဖေါက်ဖျက်ကျုးလွန်ခြင်းကို လွဲမှားစွာ အကာအကွယ် မေးပခြင်း၊ အဖွဲ့ချုပ် အပေါ် သစ္စာမမဲ့ခြင်း၊ သတင်းတပ်ဖွဲ့၊ အာဏာပိုင်များနှင့် ပေါင်းကာ ပါတီအတွင်း မိမိမကြိုက်နှစ်သက်သော အစုအဖွဲ့များကို ဖြိုခွဲရန် မကြိုးစားခြင်း စသည့် အချက်အလတ်ဂုဏ်ပုဒ်များနှင့်ပြည်စုံ သည် ဟု မှတ်ယူထားသောလည်း တစ်စ တစ်စ ပြိုကွဲလာသော အာဏာပြလာသော ဗဟို ဦးစီးစနစ် ချုပ်ကိုင်မှု လွန်ကဲသော NLD ဗဟို ကော်မတီဝင်များနှင့် တိုင်း/ပြည်နယ် NLD ကော်မတီဝင်များကြောင့် အောက်ခြေမြို့နယ် NLD ပါတီ များနှုတ်ထွက်မှုများရှိလာပြီး ကျန်ရှိသော တိုင်းနှင့်ပြည်နယ်အသီးသီးမှ NLD ပါတီဝင်များကို ၄င်းတို့နည်းတူနှုတ်ထွက်လာစေရေးလှုံဆော်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

မြောင်းမြ၊ ဂန့်ဂေါ်မြို့နယ် NLD ပါတီဝင်များပြီးနောက် ဆက်လက်နှုတ်ထွက်မည့် ကော့ကရိတ်မြို့နယ်၊ ခရိုင်အတွင်းမှ NLD ပါတီ ၀င်များမှာ-

(၁) မြို့နယ် NLD ပါတီ နာယက ဦးစိုးပန်းညွှန့် (ခရိုင် NLD ပါတီကော်မတီဝင်)
(၂) မြို့နယ် NLD ပါတီနာယက ဦးစောမြင့်
(၃) ဦးစိန်ထွန်း ကော့ကရိတ်မြို့နယ် NLD ပါတီ ဥက္ကဌ
(၄) ဦးမိုးနိုင် ကော့ကရိတ်မြို့နယ် NLD ပါတီ ဒုဥက္ကဌ
(၅) ဦးမျိုးတင်အောင် အတွင်းရေးမှူး
(၆) ဦးသန့်စင်အောင် တွဲဖက်အတွင်းရေးမှူး
(၇) ဦးမန်းထွန်းဝေ ဘဏ္ဍာရေးမှူး
(၈) ဦင်္းအောင်မြင့်ဦး သတင်းနှင့်ပြန်ကြားရေး
(၉) ဦးစန်းအောင် အလုပ်အမှုဆောင်
(၁၀) ဦးဇေယျာထွန်း ။
(၁၁) ဦးအောင်အောင် ။
(၁၂) ဦးထွန်းနိုင် ။
(၁၃) ဦးလှမြင့် ။
(၁၄) ဒေါ်ခိုင်ချယ်ရီမော် ။
(၁၅) ဒေါ်ခင်မိမိခိုင် ။ တို့ဖြစ်ကြပါသည်။

၎င်းတို့သည် နှုတ်ထွက်စာတင်သွင်းခြင်းကို ဗဟိုသို့ ပေးပို့ပြီးဖြစ်၍ ဗဟိုတွင်လည်း ဒေါ်အောင်ဆန်းစုကြည် မှ (၂၄-၈-၁၂)ရက်နေ့တွင်ပြည်သူ့လွှတ်တော်မှ ခွင့်ယူကာ ရန်ကုန်မြို့သို့ပြန်လာပြီး အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးကို နေ့ခြင်း ကျင်းပနေကြောင်း သိရှိရပါသည်။

ယခင် နှုတ်ထွက်သွားသူများ၏ ဖွင့်ချ ပြောဆိုမှုများကို ဒီနေရာ တွင် ဖတ်ရှုနိုင်ပါသည်။

Myanmar Express

1 comment:

  1. အဲဆို၇င်အမေစုကဘာလို့နိုဘယ်ဆု၇လည်း။မေးပါ၇စေနော်။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။