ယင်းကိစ္စနှင့် ပတ်သက်၍ i-pay ကတ် အရောင်းမြှင့်တင်ရေး ဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုနိုင်သူလင်းက ပြောကြားရာတွင် “ကျွန်တော်တို့ ကုမ္ပဏီက ခရီးသွားပြည်သူတွေ အဆင်ပြေစေပြိး နေ့စဉ် အကြွေပြဿနာ မဖြစ်ပေါ်စေရအောင် ယခုလို လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ အသုံးပြုမယ် ဆိုရင်တော့ ပထမဆုံးကတ်တစ်ကတ်ကို ကျပ်သုံးရာနဲ့ဝယ်ပြီး မိမိတတ်နိုင်သလောက် ကျပ်ခုနှစ်ရာမှ ကျပ်တစ်သိန်းအထိ ငွေဖြည့်ထားနိုင်ပါတယ်။
အကယ်၍ အသုံးပြုရင်း အကြောင်းအမျိုးမျိုးကြောင့် ကတ်ချွတ်ယွင်းပျက်စီး ပျောက်ဆုံးသွားခဲ့ရင် ကုတ်နံပါတ် မှတ်မိပါက ယခင်ရှိတဲ့ ငွေပမာဏမလျော့ဘဲ ကတ်အသစ် ပြန်လည် ထုတ်ပေးပါတယ်။
ယခင် ကတ်ဟောင်းကိုလည်း အသုံးပြုလို့မရတော့အောင် ပြန်ပြီးတော့ ပိတ်ပေးပါတယ်။ ယခုအချိန်ထိ ကျွန်တော်တို့ ကတ် ၃၀၀၀ ကျော်လောက် ရောင်းချပြီးပါပြီ။
နိစ္စဓူဝ သွားလာနေကြတဲ့ ဝန်ထမ်းများနဲ့ ခရီးသည်များ အထူးအဆင်ပြေအောင် လုပ်ဆောင်ပေးခြင်း ဖြစ်ပါတယ်” ဟု ၄င်းကရှင်းပြသည်။
ယခုအခါတွင် i-pay ကတ်ကို ရန်ကုန်မြို့တွင်း၌ ခရီးသည်တင် အထူးယာဉ်လိုင်းများ ဖြစ်သည့် အဓိပတိ(အနီ၊ အပြာ၊ အဝါ)၊ ရန်ကုန်-လှော်ကား ၁၂၄၊ ၁၉၇ စသည့် ယာဉ်လိုင်းများတွင် i-pay ကတ်စနစ် အသုံးပြု၍ အောင်မြင်စွာ ပြေးဆွဲပေးလျက်ရှိကြောင်း သိရပါသည်။။
Myanmar Express

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။