ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းရေး အစီအစဉ်အရ နိုင်ငံခြားငွေစာရင်းရှိသူ မည်သူမဆို ကားတင်သွင်းခွင့် ပြုခဲ့ရာ မော်တော်ယာဉ်ဈေးနှုန်းများ ပြုတ်ကျပြီး ပြည်ပမှ မော်တော်ယာဉ်တင်သွင်းသူ အများစုမှာ ၂၀၀၇ မော်ဒယ်လ်အထက် ဂျပန်လေလံကားများ တင်သွင်းလာကြသည်။
ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းရေး အစီအစဉ်အရ ၂၀၁၂ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ ယာဉ်မှတ်ပုံတင်စီးရေ ၄၈၄၂၉ စီး ထုတ်ပေးခဲ့ပြီး ၆ဃ/အက္ခရာဖြင့် ယာဉ်စီးရေ ၈၈၉၀ စီးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သြဂုတ် ၁ ရက်အထိ ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး စီးရေ ၆၁၃၀၈ စီးရှိပြီး သွင်းကုန်ပါမစ် ထုတ်ပေးပြီး စီးရေ ၅၆၂၄၇ စီးရှိပြီ ဖြစ်သည်။
ယခုအခါ ယာဉ်အိုယာဉ်ဟောင်း အပ်နှံမည့်ယာဉ် ရှားပါးလာသဖြင့် စလစ်ဈေးများ ပြန်လည်မြင့်တက်လာသည်။ လက်ရှိ ကားဟောင်းစလစ် ပေါက်ဈေး၏ ဓ၊ န၊ ပ အက္ခရာမှာ ငွေကျပ် သိန်း ၆၀ ဝန်းကျင်ရှိပြီး လေလံကား စလစ်ဈေးမှာ ငွေကျပ် ၆၃ သိန်းဝန်းကျင် ရှိကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar Express

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။