/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, August 8, 2012

.

ဧရာဝတီ သတင်းစာမျက်နှာ၏ လိမ်လည်မှုတစ်ခုအား ဖော်ထုတ်ခြင်း


ကျနော် အင်တာနက်သတင်းတွေကို အမြဲတမ်း ဖတ်ရှုတဲ့သူတစ်ယောက်ပါ။ အထူးသဖြင့် ဧရာဝတီ၊ မဇ္ဈိမ၊ DVB တို့ရဲ့ ပရိသတ်ဆိုရင်တော့ မှန်ပါလိမ့်မယ်။ သတင်းတွေက တိကျမှန်ကန်တယ်ဆိုပြီးတော့လည်း အားပေးခဲ့ပါတယ်။ သတင်းတစ်ခုကို တွေ့လိုက်ရတဲ့အခါမှာတော့ အလွန်ကို အံ့အားသင့်မိပါတယ်။ အဲဒီ သတင်းကတော့ " ပေါင်းလောင်းဆည် ဖောက်ချမှုကြောင့် ကျေးရွာတစ်ချို့ ရေကြီး" ဆိုပြီး ဖြစ်ပါတယ်။

ကျနော်ပျဉ်းမနားသား တစ်ယောက်ပါ။ အခြေ အနေ တစ်ရပ်ကြောင့်သာ အခြားမြို့မှာ နေနေတာ။ ပျဉ်းမနား အကြောင်းအကုန်သိပြီး ဆွေမျိုးတွေလည်း အများကြီးပါ။ တစ်နေ့ ပျဉ်းမနားမှာ ရေကြီးတဲ့ အကြောင်းကို ဖတ်ရှုလိုက်ရပါတယ်။ နောက်တော့ မြ၀တီ facebook မှာရေကြီးတဲ့ ပုံတွေ၊ စစ်တပ်နဲ့ ကြက်ခြေနီက ကယ်ဆယ်ရေး လုပ်နေတဲ့ပုံတွေကို တွေ့လိုက် ရတယ်။

နောက်တော့ ဧရာဝတီကနေ " ပေါင်းလောင်းဆည် ဖောက်ချမှုကြောင့် ကျေးရွာတစ်ချို့ ရေကြီး" ဆိုပြီး အင်တာနက်မှာ တွေ့လိုက်ရတယ်။ ဓာတ်ပုံကိုကျတော့ မြ၀တီ facebook က ယူတယ်ဆိုပြီး ရေးသားထားတာ တွေ့ရတယ်။ ပျက်ဆီးမှုစာရင်းတွေက မြ၀တီ facebook ကယူထားတာ၊ ကယ်ဆယ်ရေးတွေလည်း ပါပါတယ်။ မြို့နယ် မီးသတ်ဦးစီးအရာရှိတစ်ဦးလို့ ပြောထားတယ်။ အတိအကျလည်း မဟုတ်ဘူး။ ပါတဲ့ စာသားတွေ အားလုံးကလည်း ရေကြီးသမျှ သတင်းစာက သတင်းတွေကို စုထားတာပါ။



ဒါနဲ့ ကျနော် ပျဉ်းမနားကို ဖုန်းဆက်ကြည့်ပါတယ်။ ရေကြီးတာက မှန်ပါတယ်။ ဒါပေမဲ့ ပေါင်းလောင်း ဆည် ဖောက်ချလို့တော့ မဟုတ်ပါဘူး။ ပေါင်းလောင်းဆည်က သတ်မှတ်တဲ့ ရေအမှတ် မရောက်လို့တောင် အခက်တွေ့နေပါတယ်လို့ ပြောပါတယ်။ ဒီမှာ ကျနော် အယုံကြည်ဆုံး သတင်းဌာနက သတင်းတွေကို ဘယ်လို ယုံရမလဲဆိုသာ စဉ်းစားသွားရပါပြီ။ စိတ်လည်း မကောင်းပါဘူး။ အခုလိုမျိုး သတင်းတွေလိုလည်း မလုပ်သင့် ဘူးလို့ ထင်ပါတယ်။ ဘာရည်ရွယ်ချက်နဲ့ ဒီလိုမျိုး သတင်းတွေကို တင်တာလို့ မေးစရာဖြစ်လာပါပြီ။ သေချာ သိချင်ရင် http://www.facebook.com/media/set/?set=a.253444354772710.54892.246194712164341&type=3 မှာ သွားကြည့်နိုင်ပါတယ်။

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။