/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, August 8, 2012

.

ရေကြောင်းတက္ကသိုလ် ကျောင်းဆင်းများ အလုပ်ရရှိရန် ကမ္ဘကျာ် သင်္ဘောကုမ္ပဏီများနှင့် ပူးပေါင်းမည်

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်မှ ကျောင်းဆင်းလူငယ်များ အလုပ်အကိုင် ရရှိရေးအတွက် ကမ္ဘာကျော် သင်္ဘော တည်ဆောက်ရေး ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ အလုပ်အကိုင် ရရှိရေးအတွက် နော်ဝေ၊ ဆိုက်ပရပ်စ် နိုင်ငံများနှင့် ပညာရေးပိုင်း ဆိုင်ရာများတွင် နည်းပညာ အကူအညီများ ရယူဆောင်ရွက်နေပြီ ဖြစ်ရာ ကျောင်းဆင်း လူငယ်များအား အဆိုပါ နိုင်ငံများမှ ခေါ်ယူမှုများ ရှိလာကြောင်း သိရသည်။ “ဆရာတို့ဆီမှာ အာရှနိုင်ငံတွေ အပါအဝင် နော်ဝေနိုင်ငံက နည်းပညာ အကူအညီတွေ ရှိတယ်။ အခုနောက်ပိုင်းမှာ ကျောင်းဆင်းပြီး ကလေးတွေကို အလုပ်အကိုင်အတွက် နော်ဝေ သင်္ဘောကုမ္ပဏီတွေက ခေါ်မယ်။ ကျောင်းနဲ့ ပညာရေးပိုင်းဆိုင်ရာတွေ ပူးပေါင်းသွားမယ်။ အိန္ဒိယတို့ ဂျပန်တို့နဲ့လဲ သင်္ဘော တည်ဆောက်ရေး နည်းပညာအတွက် လေ့လာမှုတွေ လုပ်မယ်။ အရင်ကတည်းက ကိုရီးယားတို့ ဂျပန်တို့ကလဲ ထူးချွန် ကျောင်းသားတွေ ခေါ်နေကျပါပဲ။ အခု နောက်ပိုင်းမှာ တစ်ခါခေါ်ရင် ကျောင်းသား သုံးဆယ်၊ လေးဆယ်လောက် ခေါ်ယူလာကြပြီ” ဟု မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာချာလီသန်းက ပြောသည်။

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်တွင် ပညာသင်ကာလအတွင်း Workshop skill ရရှိရေးအတွက် မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ရမည် ဖြစ်ပြီး တက္ကသိုလ်ပြင်ပ၌ တက်ရောက်ရမည့် အခြား သင်တန်းများကိုလည်း မိမိအစီအစဉ်ဖြင့် တက်ရောက်ရမည် ဖြစ်သည်။ ထို့ပြင် ပင်လယ်ပြင် လုပ်သက်တစ်နှစ် ရရှိရေးအတွက်လည်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ရကြောင်း သိရသည်။ “ဘာသာရပ်တစ်ခု သင်ပြီးရင် ကလေးတွေ အလုပ်ရဖို့အတွက်ပါ စဉ်းစားတာကြောင့် အလုပ်ရဖို့ အတွက်က အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။ ဒီကျောင်းကို လာကြတာ အလုပ်အတွက် အခွင့်အလမ်း ပိုရလို့ လာကြတာ များပါတယ်” ဟု ဒေါက်တာချာလီသန်းက ပြောသည်။ ထိုကဲ့သို့ အလုပ်အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်နေသည့်အတွက် ရေကြောင်းပညာ တက္ကသိုလ်၌ တက်ရောက် ပညာသင်ကြားနေသည့် ကျောင်းသား လူငယ်များ၏ အနာဂတ်ရည်မှန်းချက် အမှန်တကယ် ဖြစ်လာတော့မည် ဖြစ်ကြောင်း သိရသည်။

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။