/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, August 9, 2012

.

ကျောက်တော် နှင့် မင်းပြား တွင် ည မထွက်ရ အမိန့် ကြေညာ

စစ်တွေမြို့၏မြောက်ဘက်ရှိ ကျောက်တော်မြို့နယ်တွင် ညမထွက်ရအမိန့် ၁၄၄ ကို ယနေ့ည ၈ နာရီအချိန်တွင် ထုတ်ပြန်ခဲ့ပြီး ည ၇ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရကြောင်း သိရသည်။

အလားတူစစ်တွေမြို့၏အရှေ့ဘက် မင်းပြား မြို့နယ်တွင်လည်း ယနေ့ည ၈ နာရီအချိန်တွင် ညမထွက်ရ အမိန့် ၁၄၄ ထုတ်ပြန်ခဲ့ပြီး ည ၉ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရကြောင်း သိရသည်။

မင်းပြားမြို့နယ်၏ ထုတ်ပြန်ချက်ထဲတွင် တုတ်၊ ဒါး၊ တူမီး ကိုင်ဆောင်ထားပါက သက်ဆိုင်ရာသို့ လာအပ်ရန်နှင့် ထိုသို့မအပ်ခဲ့ပါက စစ်ဆေးတွေ့ရှိလျှင် တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ကျန်းမာရေးအရ အရေးပေါ်အပြင်ထွက်ရန် လိုအပ်ပါက သက်ဆိုင်ရာသို့အကြောင်းကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တစ်ပါတည်း ထွက်လို့ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါဝင်ပါသည်။

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။