/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, August 20, 2012

.

ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ် မြို့နယ်အသီးသီးက ဖိတ်ကြားလွှာများ ထုတ်ပြန်


စက်တင်ဘာ တတိယပတ်ခန့်တွင် အမေရိကန်ပြည်ထောင်စုသို့ လာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် ဖိတ်ကြားထားသော အမေရိကန်အဖွဲ့အစည်းများ၊ ကွန်ဂရက်လွှတ်တော်တို့၏ အခမ်းအနားများကို တက်ရောက်မည့်အပြင် အမေရိကန်ပြည်ထောင်စုရောက် မြန်မာတိုင်းရင်းသားမိသားစုများဖြင့်လည်း တွေ့ဆုံပွဲများ ကျင်းပမည် ဖြစ်သည်။

သို့ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်ဆိုင်ရာ ဆက်သွယ်ရေးကိုယ်စားလှယ် ဒေါက်တာနီနီခင်နှင့်တဆင့် ဆက်သွယ်ပြီး မြန်မာအမေရိကန်မိသားစုများက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲများကို စီစဉ်လျက်ရှိရာ ယခုအခါ ၀ါရှင်တန်ဒီစီတွင် စက်တင်ဘာ ၂၀ တွင်၎င်း၊ နယူးယောက်မြို့တော်တွင် စက်တင်ဘာ ၂၂ တွင်၎င်း၊ ဆန်ဖရန်စစ္စကိုမြို့တော်တွင် စက်တင်ဘာ ၂၉ နှင့် လော့စ်အိန်ဂျလိစ်တွင် အောက်တိုဘာ ၂ ရက် အသီးသီးတို့တွင် တွေ့ဆုံပွဲအခမ်းအနားများ ကျင်းပမည်ဟု သိရသည်။ အခြားကျန်ရှိသော မြို့တော်များကလည်း ၎င်းတို့အစီအစဉ်များကို ထုတ်ပြန်ကြမည်ဟု ဆိုသည်။

အောက်ပါ ပိုစတာများ ထုတ်ပြန်ထားရာတွင် ဆန်ဖရန်စစ္စကိုဘေးဧရိယာ တိုင်းရင်းသားမိသားစုများက ဆက်သွယ်ရန် အဖွဲ့များ၊ လူပုဂ္ဂိုလ်စာရင်းများနှင့် ဧည့်စာရင်း တင်သွင်းရန် အွန်လိုင်းဖောင်ပါဝင်သည့် Google Blog တခုကိုပါ တပါတည်း ထုတ်ပြန်လိုက်သည်။

http://Suu-SF.blogspot.com တွင် ၎င်းတို့၏ သတင်းထုတ်ပြန်ချက်များ တင်ဆက်မည် ဖြစ်ပြီး၊ Facebook Event Page တခုလည်း ထားမည်ဟု သိရသည်။


ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ဖိတ်ကြားလွှာ

“မြန်မာပြည်နဲ့ နိုင်ငံတကာက လေးစားကြည်ညိုတဲ့ ခေါင်းဆောင်တဦးကို ကမ္ဘာတ၀ှမ်းက လူထု လူတန်းစားတွေက ဘယ်လို တန်ဖိုးထား ဆက်ဆံကြိုဆိုကြတယ်။ မြန်မာပြည်သားတွေ ကိုယ်တိုင်က အင်မတန်ဂုဏ်ယူဝမ်းမြောက်ပြီး တဦးနဲ့ တဦး လက်ဆင့်ကမ်း လက်တွဲ ဖိတ်ကြား ကြိုဆိုကြတဲ့ တွေ့ဆုံပွဲတွေဖြစ်လိမ့်မယ်” လို့ မျှော်လင့်ကြောင်း မိုးမခမီဒီယာက အကြံပြုလိုက်ပါသည်။


No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။