/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, August 17, 2012

.

ဒီမိုကရေစီ ဘိုးအေ ဗြိတိန် မှ လွှတ်လပ်စွာ ရေးသားထုတ်ဖော်သူ အား ဖမ်းဆီးမည် ဟု ချိန်းခြောက်


ဒီမိုကရေစီ ဘိုးအေး ဗြိတိန် မှ လွှတ်လပ်စွာ ရေးသားထုတ်ဖော်သူ ဂျူလီယံ အာဆန်း အား အချိန်မရွေး ဖမ်းဆီးနိုင်ကြောင်း ချိန်းခြောက်ပြောဆိုလိုက်ပါတယ်။ အာဆန်း ခိုလှုံရာ လန်ဒန် အီကွေဒေါ သံရုံး လန်ဒန် အီကွေဒေါ သံရုံးမှာ ခိုလှုံနေတဲ့ ဝီကီလိ ထူထောင်သူ ဂျူလီယံ အာဆန်းကို ဝင်ဖမ်းခွင့် ရှိတယ်လို့ ဗြိတိန် အစိုးရက ဆိုပါတယ်။

အာဆန်းဟာ ဇွန်လ ထဲက သံရုံးထဲ ခိုလှုံ နေတာဖြစ်ပြီး လက်ရှိ ဥပဒေ အရ ဗြိတိန်က သံရုံး တရုံးရဲ့ အဆင့်အတန်းကို ရုပ်သိမ်း နိုင်တယ်လို့လည်း ဆိုပါတယ်။

အီကွေဒေါ နိုင်ငံခြားရေး ဝန်ကြီးက တော့ ဗြိတိန်နိုင်ငံဟာ နိုင်ငံတကာ ဥပဒေ ချိုးဖောက်တာဖြစ်တယ်လို့ တုံ့ပြန် ပြောဆိုထားပါတယ်။ အာဆန်းကို ခိုလှုံခွင့် ပေးဖို့ အီကွေဒေါက ဆုံးဖြတ်ပြီးသားမို့ ကြာသပတေး နေ့မှာ ကြေညာမယ်လို့ ဝန်ကြီးက သတင်းထောက် များကို ပြောကြား ပါတယ်။

ဝီကီလိ ​ဝဘ်ဆိုက်တည်ထောင်သူ ​ဂျူလီယံအာဆန်းဟာ ​အမေရိကန်သံရုံးက ​လျို့ဝှက်စာရွက်စာတမ်းတွေကို ​ဝဘ်ဆိုက်မှာ ​ဖော်ပြခဲ့တဲ့အတွက် ​အစိုးရတွေအချင်းချင်းကြားမှာ ​မျက်နှာပူစရာတွေ ​ဖြစ်ခဲရသလို ​အရေးကြီးတဲ့ ​အချက်အလက်တွေပါ ​ပေါက်ကြားသွားတဲ့အတွက် ​အစိုးရအတော်များများ ​မကျေမနပ်ဖြစ်နေကြပါတယ်။

နောက်ပိုင်းမှာ ​ဂျူလီယံအာဆန်းက ​ဆွီဒင်နိုင်ငံမှာ ​လိင်မူကိစ္စမဖွယ်မရာပြုခဲ့တယ်ဆိုတဲ့ ​စွပ်စွဲချက်နဲ့ ​ဖမ်းဆီးပြီး ​ဆွီဒင်နိုင်ငံကို ​ပို့ဖို့ ​စီစဉ်ခဲ့ကြပါတယ်။ ဂျူလီယံအာဆန်းကတော့ ​သူ့ကို ​အစိုးရတွေက ​မျက်မုန်းကြိုးနေတဲ့အတွက် ​လှည့်ကွက်တခုအနေနဲ့ ​လိင်ကိစ္စမဖွယ်မရာပြုတယ်ဆိုပြီး ​အကွက်ဆင် ​ထိန်းသိမ်းထားတာဖြစ်တယ်လို့ ​ဆိုပါတယ်။

ဂျူလီယံအာဆန်းဟာ ​အာမခံနဲ့ ​သွားလာခွင့်ရတဲ့အချိန်မှာပဲ ​ဗြိတိန်နိုင်ငံအခြေစိုက် ​အီကွေဒေါ ​သံရုံးထဲ ​ဝင်ရောက်ပြီး ​နိုင်ငံရေးခိုလှုံခွင့် ​တောင်းခဲ့ပါတယ်။

အာဆန်း ဖွင့်ချတဲ့ ဝီကီလိခ် စာမျက်နှာတွင် မြန်မာနိုင်ငံ အကြောင်းများလည်း ပါဝင်ပြီး အမေရိကန် သံတမန် မှ NLD ခေါင်းဆောင်များကို အသက်အရွယ်ကြီးပြီး ဘာမှ အသုံးမကျသော အန်ကယ်ကြီး များ ဟူ၍ ဖော်ပြထားမှု တွေလည်း ပါဝင်ပါတယ်။ ဒီမိုကရေစီ ဘိုးအေး နိုင်ငံကြီးများက လွတ်လပ်စွာ ရေးသားဖော်ထုတ်သူများကို ဖမ်းဆီးထောင်ချ ဖို့ ကြိုးစားနေချိန်မှာ ဒီမိုကရေစီလမ်းကြောင်းပေါ် စ လျှောက် နေကာစ မြန်မာနိုင်ငံမှာတော့ သတင်းသမားတွေကတော့ ပြည်သူ့အသံကို အကြောင်းပြပြီး အစိုးရကို ကြုံသလို တိုက်ခိုက်ရေးသားလျှက် ရှိတဲ့ အပြင် ပြည်သူများကို လမ်းပေါ်ထွက် ဆန္ဒပြစေရန် သွေးထိုးရုံမျှ မက ကိုယ်တိုင်ပါ လမ်းပေါ်ထွက် ဆန္ဒပြတတ်ကြောင်း တွေ့မြင်ရပါတယ်။

ဝါရင့် သတင်းစာ ဆရာများကတော့ ဒီမိုကရေစီကို ဦးတည်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ သတင်းသမားတွေကို ကိုင်တွယ်ရာမှာ အနောက်နိုင်ငံများက ဂျူလီယံ အာဆန်းကို ကိုင်တွယ်သလိုမျိုး ကိုင်တွယ်သင့်ကြောင်း ဝေဖန်မှုတွေ ရှိနေပါတယ်။

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။