“ပင်စင်နား မနီးတဲ့သူတွေကို တစ်ဆင့်ချင်းအလိုက် စိစစ်ပြီး တိုးပေးသွားဖို့က စီစဉ်ထားပြီးသားပါ။ တန်းစီဇယားနဲ့ လုပ်သွားမှာပါ။ သို့သော်လည်း အကုန်လုံးတော့ ဒီနှစ်ထဲမှာ မတိုးပေးနိုင်ပါဘူး။ လာမယ့်နှစ်မှာတော့ အကုန်လုံး ဖြစ်သွားနိုင်မှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။ လက်ရှိတွင် အလယ်တန်း ကျောင်းအုပ်ရာထူးကို ကျပ် ၈၉၀၀၀၊ မူလတန်းကျောင်းအုပ်အတွက် ကျပ် ၈၃၀၀၀ နှင့် မူလတန်းပြ ဆရာ၊ ဆရာမအတွက် ကျပ် ၇၇၀၀၀ တို့ကို ပညာရေးဝန်ကြီးဌာနမှ အခြေခံလစာနှင့် အစိုးရချီးမြှင့်ငွေတို့ ပေါင်းကာ ဝန်ထမ်း ၉၈၃၉၉ ဦးအား လစာငွေပေးအပ်လျက် ရှိသည်။ တိုးမြှင့်ပေးမည့် အစီအစဉ်အရ မူလတန်းပြလစာကို ကျပ် ၈၃၀၀၀၊ မူလတန်း ကျောင်းအုပ်ကို ကျပ် ၈၉၀၀၀ နှင့် အလယ်တန်းကျောင်းအုပ်ကို ကျပ် ၁၃၀၀၀၀ သို့ ပေးအပ်သွားမည်ဟု ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
Myanmar Express

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။