ဒါပေမဲ့ ၃/၄ ရက်အလိုလောက်ကျရင် ကျွန်တော်တို့ကို စစ်တပ်ကိုသွားပစ်ခိုင်းတယ်၊ မှတ်မှတ်ရရဗျာ မေလ ၂၈ ရက်လောက်မှာ လဂျားယန်ရယ်၊ နားလုံရယ်၊ နန်ပေါင်ရယ် တစ်နေကုန်ပစ်ခိုင်းတယ်။ စစ်တပ်က လက်နက်အကြီးကြီးတွေ ပြန်မပစ် မချင်း တောက်လျှောက် ပစ်ခိုင်းတယ်၊ ကံကောင်းလို့မသေတာဗျာ၊
နောက်တစ်ခါလည်း ဒီလိုပဲဗျ . . ဇွန်လ ၂၀ ရက်နေ့ မိုင်ဂျာယန်ဘက်မှာ လူကြီးတွေဆွေးနွေးမယ်ပြောတယ်။ ၁၆ရက်နေ့ညကျတော့ ကျွန်တော်တို့ကို အလုပ် ခိုင်းတယ်လေ၊ ၁၇/၁၈ နှစ်ရက်ဆက်တိုက်ဘဲ ထမင်းတောင် ငတ်တယ်။
ဘာဖြစ်လို့ပစ်ခိုင်း တာလဲလို့ ဗိုလ်ကြီးကို မေးကြည့်တော့ . . ဆွေးနွေးပွဲကျရင် စစ်တပ်က လက်နက် အကြီးကြီးတွေပစ်ပါတယ်လို့ ပြောလို့ရအောင်လို့ကွာလို့ ပြန်ပြောတယ်၊
ကျွန်တော်တို့တော့ တော်တော်လေးအံ့သြနေပြီ၊ နောက်တစ်ခါဆွေးနွေးတော့မယ်ဆိုရင် ဘယ်ကို သွားပစ်ခိုင်းအုံးမလဲ မသိဘူး ´´ လို့ပြောဆိုလာ ပါတယ်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။