/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, July 16, 2012

.

ဘင်္ဂလားဒေ့ရှ်မှလာသော စက်လှေတစ်စီးကို ရေတပ်မှပစ်ခတ်ဖမ်းဆီး

ယနေ့မနက် ၁၁ နာရီခန့်က ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အပိုင် ဆင်တပ်မော်ကျွန်းပေါ်ရှိ စစ်ကဲပြင်ရွာအနီးသို့ စက်လှေတစ်စီးချည်းကပ်လာရာ ရေတပ်သင်္ဘောမှ စစ်ဆေးရန် ရပ်တန့်ခိုင်းသည်ကို မနာခံသဖြင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့သည်။

စက်လှေပေါ်တွင် အမျိုးသားရှစ်ဦးပါရှိပြီး ပစ်ခတ်မှုကြောင့် အဒူဆလင်(၂၅နှစ်) ၏ခေါင်းကိုထိမှန်ခဲ့သည်။ ၎င်းကို စစ်တွေဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ကျန်ရှိသူများကို စစ်ဆေးမေးမြန်းမှုများအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ခ်နပ်ဖ်မှလာသူများဖြစ်ကြောင်း သိရသည်ဟု စစ်တွေမြို့မှ မျက်မြင်သက်သေတစ်ဦးက YPI သို့ပြောသည်။

စက်လှေရပ်တန့်စေရန် ရေတပ်က ခြောက်လှန့်ပစ်ခတ်စဉ် စက်လှေပေါ်မှ လက်နက်များ ရေထဲသို့ပစ်ချခဲ့သည်ဟု ယူဆရသောကြောင့် ၎င်းနေရာတစ်ဝိုက်တွင် ရေငုပ်သမားများဖြင့် ရှာဖွေလျှက်ရှိသည်။

ဆင်တပ်မော်ကျွန်းသည် စစ်တွေမြို့မှ စက်လှေဖြင့် နာရီဝက်ခန့်သွားရသော အကွာအဝေးတွင်ရှိသည့် ရခိုင်လူမျိုးများနေထိုင်ရာ ကျွန်းတစ်ကျွန်းဖြစ်သည်။

တက်ခ်နပ်ဖ်သည် ရခိုင်ပြည်နယ် မောင်တောမြို့၏ တစ်ဖက်ကမ်း နတ်မြစ်ဝ အနီးတွင်တည်ရှိသည်။ ။

by Yangon Press International

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။