ဦးမင်းကိုနိုင်ဟာ အသက် ၅၃ နှစ် ရှိပြီဖြစ်သော်လည်း ဘွဲ့မရသေးတာကြောင့် သူ့ကိုသူ ကျောင်းသား တစ်ဦး ဆိုပြီး အကျီင်္ဖြူ အမြဲဝတ်ကာ လျှောက်သွားနေ ပေမယ့် တက္ကသိုလ် တစ်ခုခုမှာတော့ ဝင်ရောက် သင်ယူခြင်းမရှိသလို မယ်မယ်ရရ အလုပ်အကိုင် လည်း တိတိကျကျ မရှိကြောင်း သိရပါတယ်။
အခါအားလျှော်စွာ ခေါင်းစဉ်အမျိုးမျိုးတက်ကာ ရန်ပုံငွေ များ ကောက်ခံတက်ပြီး ၈၈ မျိုးဆက်အားလုံး ပျော်ပွဲစား ခရီးထွက်ကာ သောက်စားလေ့ရှိကြောင်း သိရပါပြီး ပြည်သူတို့၏ မသထာ ရေစာ များကြောင့် အခုလို သွေးတက်တာ ဖြစ်နိုင်ကြောင်း နဲ့ အခုလို သတင်းကြားရတာ ဝမ်းသာကြောင်း ပဲခူးမြို့မှ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်...
"သွေးတိုးတယ်လို့ကြားတယ်... တိုးမှာပေါ့ သူတို့က စားလိုက်ရင် ဆီပြန်တွေချည်းစားတာလေ... ဘုန်းကြီးကျောင်းတွေကနေ ပိုက်ဆံလိုက်ကောက်တယ်.. ပြီးရင် အဆီတက်တာတွေ စားတယ်.. အခု သွေးတိုးတာ နည်းတောင်နည်းသေးတယ်... မြန်မြန်သေမှ အေးမှာ..."
လို့ ဆိုပါတယ်။
ပုံမှန်ဝင်ငွေ ရရှိသော အလုပ်အကိုင် မယ်မယ်ရရ မရှိပဲ အဆီ အစိမ့်များ အလွန်အကျွံစားကာ သွေးတိုး၊ နှလုံးသွေးကြောကျဉ်း မှုအတွက် ဘယ်ကနေ ပိုက်ဆံတွေ ရသလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ဒါပေမယ့် ၎င်း တို့အဖွဲ့ကတော့ ဘယ်ကနေ ပိုက်ဆံရလို့ အလုပ်မလုပ်ပဲ စားသောက်နေနိုင်တဲ့အကြောင်းကို တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
နောက်ဆုံးရလာသော သတင်းများအရ ဦးမင်းကိုနိုင်ရဲ့ အခြေအနေမှာ စိုးရိမ်ရပြီး အချိန်မရွေး အသက်ထွက်နိုင်ကြောင်း သိရပါတယ်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။