အဆိုပါ AA Taxi ကို အစီး ၁၀၀ စတင် ပြေးဆွဲဖို့လျာထား ပေမယ့် လက်ရှိမှာ အစီး ၃၀ ပဲ ရောက်ရှိသေးပြီး ကျန်အစီး ၇၀ ကတော့ လာမယ့် သြဂုတ်လ လောက်မှာ ရောက်ရှိမှာ ဖြစ်တယ်လို့ ပါရမီ သယ်ယူ ပို့ဆောင်ရေးမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။
ဒါ့အပြင် အဆိုပါ AA တက္ကစီ တွေဟာ CNG မရရှိသေးတဲ့ အတွက် လောလောဆယ်မှာ ဒီဇယ်နဲ့သာ ပြေးဆွဲမှာဖြစ်ပြီး နောက်ပိုင်း မှာတော့ CNG ပြောင်းဖို့ ရှိတယ်လို့ သိရပါတယ်။ အဆိုပါ AA Taxi တွေဟာ ၂၀၁၁ မော်ဒယ် အမျိုးအစား ၁၆၀၀ စီစီနဲ့ မော်ဒယ်မြင့် ကားတွေ ဖြစ်ပါတယ်။
အဆိုပါ AA Taxi တွေ ပြေးဆွဲတဲ့ အခါ အရင် ပါရမီ တက္ကစီတွေ ယာဉ်စီးခ ဈေးနှုန်း ကွာခြားမှု ရှိမှာ မဟုတ်ဘူးလို့ သိရပါတယ်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။