/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, July 30, 2012

.

အကျင့်ပျက် ၀န်ထမ်းများကို အရေးယူပေးစေလို

သို့ 
နိုင်ငံတော်သမ္မတကြီးနှင့် တကွ သက်ဆိုင်သော သိသင့် သိထိုက်သူများသိရှိရန် အပြုသဘောဖြင့် တင်ပြအပ်ပါသည်။ ဥပဒေဆိုသည်မှာ ပြည်သူ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရန် ဖြစ်သည်ဟု ပြည်သူ့ လွှတ်တော် အမတ်များပြောဆိုတင်သွင်းသည်ကို လေ့လာသိရှိရပါသည်။

၂၅၊ ၀၇၊ ၂၀၁၂ ရက် ဗုဒ္ဓဟူးနေ့ က လယ်ဝေးရဲစခန်း အနီး တရားရုံး လမ်းတွင် ဆိုင်ကယ် စစ်ဆေးခြင်း ခံခဲ့ရပါသည်။ ကျွန်တော်နှင့် အတူ အစီး(၃၀) ခန့် ရှိပါသည်။ ကျွန်တော့်တွင် ယဉ်မောင်းလိုင်စင် မပါ၍ အမှု တစ်ခု ဖြင့် ယဉ်ထိန်းခေါင်းဆောင် နံပါတ် ၁၄၄၊ တပ်ကြပ်ကြီး ကျော်ကျော်ဝင်း(နေပြည်တော် ယာဉ်ထိန်း) အဖွဲ့ မှ စည်ပင် အက်ဥပဒေ ပုဒ်မ ၂၆ ဖြင့် စွဲချက်တင် ပါသည်။ အပြစ်ရှိ၍ အပြစ်ဒဏ်ခံရတာ ကိုကြည်ဖြူစွာ အရေး ယူခံပါသည်။ စိတ်မဆိုးပါ။ ယဉ်ထိန်း အဖွဲ့သည် သတ်မှတ် ယူနီဖောင်းမ၀တ်ဆင်ပဲ ဖမ်းဆီး စစ်ဆေးခြင်း၊ ယဉ်သက်သေခံကဒ်ပြားအားကြမ်းတမ်းစွာ ဆွဲဖြုတ်ခြင်း၊ ဆိုင်ကယ်ရော ယဉ်သက်သေခံကဒ်ပါ ပူးတွဲ သိမ်း ဆည်းခြင်းသည် လုပ်ထုံးလုပ်နည်းဖြင့် မညီညွတ်ဟုယူဆပါသည်။

ဒဏ်ကြေးဆောင်ရန် သွားရောက်ရာတွင်ချက်ချင်း အရေးယူပေးခြင်းမရှိ၍ ယဉ်ထိန်း၊ ယဉ်မှုစစ်နှင့် စခန်းတို့ ပူးပေါင်းကာ အဂတိ လိုက်စားရန် ရည်ရွယ်သည်ဟု ယူဆပါသည်။ဤသို့ သောအကျင့် ပျက် ၀န်ထမ်း များကြောင့် ဖမ်းခံရသူ အားလုံး နှင့် ပြည်သူလူထု အားလုံး နိစ္စဓူဝ အသိဒုက္ခရောက်ရပါသည်။ ဆိုင်ကယ် အသိမ်း ခံရသည့်အတွက် အလုပ်သွားချိန်ကြန့် ကြာခဲ့ရပါသည်။ ကယ်ရီငှား စီးရသည့်အတွက် ကယ်ရီခများကုန်ကျခဲ့ရပါသည်။ကျွန်တော့်လို အဖမ်းခံရသူ တချို့ တွင် ယဉ်ထိန်းကိုငွေပေး၍ အမှုပိတ်ကာ အမှုတွဲမတင်ပဲ အမှုရှောင်လွှဲသွားသည်ကို မျက်မြင်တွေ့ ရှိရသဖြင့် နိုင်ငံတော်တွင် အကျင့်ပျက် ၀န်ထမ်းများ ရှိနေသဖြင့် နိုင်ငံတော်ဘဏ္ဍာကို များစွာထိခိုက်ခြင်း၊ ဒီမိုကရေစီနိုင်ငံတခု အသွင်ကူးပြောင်းစ ကာလ တွင် ထို ကဲ့သို့ သော အကျင့်ပျက်ဝန်ထမ်းများဆက်လက်ရှိနေပါက နိုင်ငံတော်အတွက်အကြိုး မရှိ နိုင်ပါ ဟု ကျွန်တော် ယူဆမိပါသည်.။

ဒါ့အပြင် လမ်းဆုံး လမ်းခွတွင် ကားများထံမှ ဘော်ဒါကြေးများတောင်းခံ ကြသော ယဉ်ထိန်း များလည်း တွေ့ ရှိရပါသည်.။ ရွှေကြာပင် မီးသတ် လမ်းဆုံ၊ ဗောဓိကုန်း လမ်းဆုံ၊ ရွှေနံသာ အနီး ၀ဏ္ဏ သိဒ္ဓိ အ၀ိုင်း တို့ တွင် တွေ့ ရှိရပါသည်.။ ကားပိုင်ရှင် များနှင့် ကားအသုံးပြု သူများမှာ ခရီးစရိတ် ပိုကုန်၍ သယ်ယူပို့ ဆောင်ရေး အနှောင့်အယှက် ဖြစ်ရပါသည်.။ အပြစ်တွေ့ လျှင် တရားဝင် အရေးယူပါ.။ အပြစ်မတွေ့ ပဲ ဥပဒေ မဲ့ ဘော်ဒါ ကြေး မတောင်းခံသင့်ပါ.။ အထက်ပါ ကိစ္စ တွင်လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားလုပ်ကာ ကိုယ်ကြိုးအတွက် စီးပွားရှာ ခြင့်ဖြစ်ပါသည် ဟုယူဆ ရပါသည်.။

အမှု စီရင်ရာတွင် ချမှတ်သည့် ဒဏ်ငွေနှင့် ပုဒ်မ၊ ကုန်ကျစရိတ်ကို တင်ပြအပ်ပါသည်.။

- စည်ပင်အက် ဥပဒေ ဥပဒေ ပုဒ်မ (၂၆) ၊ ဒဏ်ငွေ ၄၅၀၀၀၊ စာရွက် စာတမ်း ကြေး ၁၀၀၀ မိတ္တူ ကို လဲ ၂၀၀ ဖိုး မပြည့်လျှင် မကူးပေးဟု တရားရုံး ရှေ့ မိတ္တူဆိုင်မှ ပြောပါသည်.။ ကယ်ရီခ (၂၅ ၊ ၂၆) ရက် ၂ရက်ခ ၁၅၀၀၀ စုစုပေါင်း - ၆၀၀၀၀ (ခြောက်သောင်း) ကျော်ကုန်ကျပါသည်.။

ဥပဒေတွင် ဆွေ မျိုးမရှိပါ။ သို့ သော်လည်း ယဉ်ထိန်းရဲ၊ ရဲဝန် ထမ်းများ၏ ဆွေ မျိုးအသိ မိတ်ဆွေ များ အပြစ်ကျူးလွန်မိပါ က မည်သူက အရေးယူပေးမည်နည်း.။? လိုင်စင် မဲ့ ဆိုင်ကယ် စီးသူအများစု ၎င်းဝန်ထမ်း များ၏ မိသားစု ဆွေမျိုးသားဖြစ်နေသည်ကို တွေ့ ရှိရပါသည်.။ သာမန် ပြည်သူများ ထိုကဲ့သို့ သော ဆွေမျိုးမရှိသူများ သည် တားမြစ်ချက် စည်းကမ်းများကို လေးစားလိုက်နာသည်ဖြစ်စေ ကြောက်လန့် ၍ ဖြစ်စေ စည်းကမ်းကို များသောအားဖြင့်လိုက်နာကြပါသည်။ သို့ သော်လဲ ယဉ်ထိန်း ရဲ၊ ရဲဝန် ထမ်း တို့ ၏ ဆွေ မျိုးများ တွင် ဤ ကဲ့သို့ သော လေးစားလိုက်နာမှု များ များသောအားဖြင့် မတွေ့ ရပါ။ ထိုကဲ့သို့ ဖြစ်ခြင်းသည် ဥပဒေ တွင်ဆွေမျိုး ရှိနေခြင်း ရှိသည် ဟု ပြည်သူများ မှသံသယ ၀င် မိပါသည်.။

ကျွန်တော် သိချင်တာလေးတခု ရှိနေပါသည်.။ ထိုနည်း အတူ ပြည်သူများမှာလဲ သိချင်ကြလိမ့်မည်.။

ကျွန်တော်တို့ ဆီမှ ကောက်ခံရရှိသော ဒဏ်ငွေများကို မည်သူရရှိပါသလဲ.။ နိုင်ငံတော်ဘဏ္ဍာ အဖြစ် အမှန် တကယ်ရရှိနိုင် သလား.။ ထိုကဲ့သို့ သော ဒဏ်ငွေများသည် တနေ့ လုပ်မှ တနေ့ စားရသော ပြည်သူများမှာ အများအပြားရှိနေသည် ထိုကဲ့သို့ သော ဒဏ်ငွေ ပမာဏ ချမှတ်ထားသည်ဆိုတာ အမှန်တကယ်ပင်ဖြစ်နေလား.။ နေပြည်တော်တွင်လဲ အလားတူ ပြစ်မှု မျိုး ကျူးလွန်မိပါ က တရားဝင်ချမှတ်ထားသော ဒဏ်ကြေးငွေမှာ ၂၀၀၀၀ နှစ်သောင်းကျပ် တရားဝင် ဒဏ်ငွေ ဖြစ်ပါသည် နောက်ဆက်တွဲမှာ မော်တော်ပီကယ်ကြေး ၂၅၀၀ ဆက်တွဲ ထွက်ပေါ်လာပါသည်.။ ထိုကဲ့သို့ မော်တော်ပီကယ်ကြေး ဆိုပီး ချမှတ်ထားပါ၏ လော.။ ထားပါအုံး ၂၅၀၀ အခု ကျွန်တော် ၏ ဒဏ်ငွေသည် ၄၆၂၀၀ (လေးသောင်း ခြောက်ထောင့်နှစ်ရာကျပ်) အသားတင် ပေးသွင်းရပြီး သွားရောက်ထုတ်ယူရာတွင်လဲ အသွားစရိတ်များ မှာ ကျွန်တော်နေသော နေရာနှင့်အလှမ်းဝေးသောကြောင့် လမ်းခရီးစရိတ်များ ထပ်မံကုန်ကျရပါသေးသည်.။ တရားဝင်ချမှတ်ထားသော ဒဏ်ကြေးငွေမှာ ၂၀၀၀၀(နှစ်သောင်းကျပ် ) ဖြစ်ပြီး အဘယ်ကြောင့် ၄၆၂၀၀( လေးသောင်းခြောက်ထောင့်နှစ်ရာ) ဖြစ်နေရပါသလဲ၊

နေမင်း လေး

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။