/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, July 30, 2012

.

ခုနှစ်ရက်သားသမီးများအတွက် ( ၃၀.၇.၁၂ ) မှ ( ၅.၈.၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

ဝင်ငွေကောင်းနေခြင်း၊ စီးပွားရေးအစစအရာရာအောင်မြင်နေခြင်း၊ တိုက်ခန်းဝင်ခြင်း၊ ကားဝင်ခြင်း၊ လာဘ်လာဘများဝင်ခြင်း၊ နိုင်ငံရပ်ခြားမှလက်ဆောင် ရခြင်း၊ ခရီးမကြာခဏထွက်နေရခြင်းများဖြစ်နေမည်။ မြေထွက်ခြင်း၊ စက်ပစ္စည်းများထွက်နေခြင်း၊ လက်အောက်ငယ်သားထွက်ခြင်း (သို့) လက်အောက် ငယ်သားကြောင့်စိတ်ညစ် စရာဖြစ်နေခြင်းများဖြစ်နေမည်။ အရေးကြီးစာရွက်စာတမ်းသတိထားပါ၊ ပျောက်တတ်သည်။

ကျန်းမာရေး။ အအေးမိပြီးချောင်းဆိုနေမည်။
အချစ်ရေး။ စိတ်ချမ်းသာနေရမည်။ အချစ်ရေးကံကောင်းနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကိတ်မုန့်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၇ ၆ ၀)

တနင်္လာသားသမီးများ၏ကံကြမ္မာ

စက်ပစ္စည်းဝင်ခြင်း၊ စိန်ဝင်ခြင်း၊ တပည့်လက်အောက်ငယ်သားကောင်းရခြင်း၊ ငွေဝင်မည်။ အကုန်များနေမည်။ အလုပ်ထဲတွင်အထက်လူကြီးဆရာသမား နှင့်စကားများရတတ်သည်။ ယခုရက်ပိုင်းတွင်အစစအရာရာသည်းခံပါ။ ခင်မင်သောမိတ်ဆွေများနှင့် လမ်းခွဲရတတ်သည်။ ( သို့ ) စကားများပြီးအခင်မင်ပျက် တတ်သည်။ အလုပ်ထဲတွင်အတိုက် အခံတွေ့နေရမည်။

ကျန်းမာရေး။ ခြေထောက်နာခြင်း၊ ခေါင်းကိုက်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ အချစ်ရေးကံကောင်းနေသည်။ ဘ၀အတွက်ချစ်သူရည်းစားရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဇီးဖျော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃ ၁ ၀ ၇)

အင်္ဂါသားသမီးများ၏ကံကြမ္မာ

အိုးသစ်အိမ်သစ်နေရာသစ်ပြောင်းရန်ဖြစ်နေခြင်း၊ ပြောင်းလျှင်ကောင်းသည်။ လုပ်ငန်းသစ် လုပ်ရန်မသင့်သောအချိန်ဖြစ်နေသည်။ လုပ်ငန်းမတိုးချဲ့ပါနှင့်။ ငြိမ်ငြိမ်လေးနေသင့်သောအချိန်ဖြစ်နေသည်။ ငွေကြောင့်ပူပင်ရခြင်း၊ လုပ်သမျှအဆင်မပြေခြင်း၊ စာရွက်စာတမ်းကိစ္စ၊ အာမခံခြင်းကိစ္စများအထူးသတိထား ပါ။ သိက္ခာကျတတ်သည်။ မြေထွက်ပြီးပြန်ဝင်ကိန်းရှိခြင်း၊ ဖုန်းအဟောင်းအသစ်လဲရခြင်းဖြစ် တတ်သည်။

ကျန်းမာရေး။ ဆေးစားများခြင်း၊ အစားမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး။ အိမ်ထောင်ကျခြင်း၊ လက်ထပ်မင်္ဂလာပြုလုပ်ရခြင်းဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းစိမ်းရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၆ ၆ ၅ ၄)

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

မြေ၀င်ခြင်း၊ ကားဝင်ခြင်း၊ ကွန်ပြူတာဝင်ခြင်း၊ အခန်းပြောင်းရခြင်း၊ နိုင်ငံရပ်ခြားခရီးရှိခြင်း၊ အမိနိုင်ငံသို့အလည်အပတ်ပြန်ရခြင်းဖြစ်တတ်သည်။ စိတ်တိုင်းမကျစရာများ၊ ဒွိဟစိတ်များဖြစ်နေမည်။ ဆုံးဖြတ်ရခက်နေသည်။ ဆိုးဆိုးဝါးဝါးဖြစ်ဖို့ကံမရှိပါ။ သတိထားပြီးလုပ်လျှင်အဆင်ပြေမည်။ ငွေ၊ ပစ္စည်းအချီး၊ အဌားမလုပ်ပါနှင့်၊ပြန်ရရန်ခက်ခဲတတ်သည်။ ရွှေထွက်ပြီးပြန်ဝင်မည်။

ကျန်းမာရေး။ အမျိုးသားများသွေးပေါင်ကျခြင်း၊ အမျိုးသမီးများမီယပ်နှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။
အချစ်ရေး။ စကားများပြီး အဆင်မပြေမှုများဖြစ်နေလိမ့်မည်။ မကြာမှီအဆင်ပြေသွားပါမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားခင်အား လိမ္မော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀ ၅ ၅ ၀ )

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

အလှူလုပ်ရခြင်း၊ မင်္ဂလာဧည်ခံပွဲကျင်းပပေးရခြင်းဖြစ်တတ်သည်။ စက်ပစ္စည်းများအဟောင်းအသစ်လဲရခြင်း၊ စိန်လက်စွပ်၊ ရွှေလက်စွပ်ဝင်ခြင်း၊ ရွှေအသစ် များဝင်ခြင်းဖြစ်မည်။ စီးပွားတက်နေမည်။ ကောင်းမွန်ပြီးတန်ဖိုးရှိသော အိမ်ကောင်းသို့ပြောင်းရွေ့နေထိုင်ရခြင်းများဖြစ်နေမည်။ ငွေဝင်အားကောင်းနေသည်။ နာရီအသစ်လက်ဆောင်ရတတ်သည်။

ကျန်းမာရေး။ အစားမှားပြီးဗိုက်အောင့်တတ်သည်။
အချစ်ရေး။ အစစအရာရာစိတ်ချမ်းသာမှုများဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သင်္ဘောသီးပျော်ရည်ကပ်လျူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၄ ၆ ၃ ၆)

သောကြာသားသမီးများ၏ကံကြမ္မာ

ရွှေလက်ကောက်ဝင်ခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်း၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ရခြင်း၊ စီးပွားတက်ခြင်း၊ နေရာသစ်ရောက်ရခြင်း၊ ပြည်တွင်းပြည်ပခရီးသွားရခြင်း၊ လေယာဉ်ခရီးသွားရခြင်းဖြစ်တတ်သည်။ အပျော်ခရီးထွက်ခြင်းလဲပြုလုပ်ရတတ်သည်။ ဘာသာရေးနှင့်ပတ်သက်သောလုပ်ငန်းများလည်းလုပ်ကိုင်နေ ရတတ်သည်။ အလျူဒါနများလဲ ပြုလုပ်ရတတ်သည်။ အလွန်စီးပွားတက်နေသည်။

ကျန်းမာရေး။ လေဖျန်းခြင်း၊ ၀မ်းလျှောခြင်းဖြစ်တတ်သည်။
အချစ်ရေး။ အမျိုးသမီးတဦးနှောင့်ယှက်မှုကြောင့်မိမိအချစ်/ အိမ်ထောင်ပြဿနာဖြစ်တတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကော်ဖီကပါလှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၄ ၂ ၁ ၁)

စနေသားသမီးများ၏ကံကြမ္မာ

မိတ်ဆွေသစ်ရခြင်း၊ အကျိုးပေးသော၊ မိမိဘ၀အတွက်တသက်လုံးတိုင်ပင်ဖေါ်တိုင်မင်ဖက်ဖြစ်သော မိတ်ဆွေကောင်းဖြစ်မည်။ ဖုန်းကောင်းသောလဲခြင်းဖြစ်မည်။ မြေ၀င်ခြင်း၊ ကျောက်မျက်ရတနာဝင်ခြင်း၊ ကားဝင်ခြင်းဖြစ်မည်။ စီးပွားတက်နေမည်။ ၀န်ထမ်းဖြစ်ပါကလစာတိုးခြင်း၊ ရာထူးတိုးခြင်းဖြစ်နေမည်။ ဆွေမျိုးသားချင်း များကိုကူညီထောက်ပံ့မှုများဆက်တိုက်လုပ်နေရမည်။ နာရီပျက်နေလျှင်အမြန်စွန့်ပစ်ခြင်း၊ ဓါတ်ခဲထည့်ခြင်းပြုလုပ်ပါ။

ကျန်းမာရေး။ ကောင်းမွန်နေပါသည်။
အချစ်ရေး။ စိတ်ချမ်းသာမှုများနှင့်ပြည့်စုံနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား လ္ဘက်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၅ ၃ ၂ ၂ )

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*

ဗေဒင်ပညာရှင်- ဆရာမဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့် )
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီ ထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး
ဖုန်း- + 016 6903 513 , + 018 2250 510
E- mail:swezinwati@gmail.com

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။