/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, June 4, 2012

.

Myanmar Payment Union ကတ် ဇူလိုင်တွင် အသုံးပြုနိုင်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ဘဏ်များတွင် အသုံးပြုနိုင်မည့် (MPU Myanmar Payment Union) ကတ်ကို ဇူလိုင်လမှ စတင်၍ မြန်မာနိုင်ငံသားတိုင်း အသုံးပြုနိုင်တော့မည်ဖြစ်သည်။ အဆိုပါ MPU ကတ်ဖြင့် ငွေထုတ်ယူခြင်း၊ ဈေးဝယ်ခြင်း၊ ကတ်တစ်ခုမှ အခြားကတ်တစ်ခုသို့ ငွေလွှဲခြင်း၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံ ကတ်စနစ် အပြန်အလှန် အသုံးပြုခြင်းတို့ ပြုလုပ်နိုင်ရန် စီစဉ်နေကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ အဆိုပါ ကတ်စနစ်တွင် အသင်းဝင် (၁၆) ဘဏ်ရှိပြီး ယခုစတင်စမ်းသပ်နေသော ဘဏ်များမှာ ကမ္ဘောဇဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ မြဝတီဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ သမဝါယမဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ ဖြစ်ကြောင်း သိရှိရသည်။

Myanmar Express

ဒီနေရာက ယူလာတာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။