/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, June 4, 2012

.

ကုန်သေတ္တာကား၊ သစ်လုံးတင်ကားနှင့် ကုန်တင်ကားကြီး ၃၀၀ ကျော် ရပ်နားနိုင်မည့် ယာဉ်ရပ်နားစခန်း တည်ဆောက်



ကမ်းနားလမ်းနှင့် ဘုရင်နောင်လမ်းတို့တွင် ယာဉ်ကြောရှုပ်ထွေးမှုများ မရှိစေရန်ရည်ရွယ်၍ ကုန်သေတ္တာကား၊ သစ်လုံးတင်ကားနှင့် ကုန်တင်ကားအစီး ၃၀၀ ကျော်ရပ်နားနိုင်မည့် ယာဉ်ရပ်နားစခန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အလုံမြို့နယ် ရန်ကုန်မြစ်ကမ်အနီးတွင် တည်ဆောက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ ယာဉ်ရပ်နားစခန်းသည် ရန်ကုန်မြို့တွင် အကြီးမားဆုံး ယာဉ်ရပ်နားစခန်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။ သစ်လုံးတင်ကားကြီးများ၊ ကုန်သေတ္တာကားကြီးများသည် ဘတ်စကားများကဲ့သို့ မဟုတ်ဘဲ ကားတစ်စီးရပ်နားနိုင်ရန် အတွက် ပေ ၂၀၊ ပေ ၆၀ လိုအပ်သည်။

ယာဉ်ရပ်နားစခန်းအတွက် ရွေးချယ်ထားသည့် မြေကွက်သည် တစ်ချိန်က ရေအိုင်ကြီးတစ်ခုဖြစ်ကာ ယာဉ်ရပ်နား စခန်းတစ်ခုတည်ဆောက်နိုင်ရန် ၎င်းရေအိုင်ထဲသို့ ရန်ကုန်မြစ်အတွင်းမှ သဲကျင်းပေါင်းသိန်းချီ၍ စက်များဖြင့် စုပ်ယူတည်ဆောက်နေခြင်းဖြစ်သည်။

လတ်တလောအခြေအနေတွင် ကားအစီး ၁၅၀ ရပ်နားနိုင်ရန် တည်ဆောက်လျက်ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယာဉ်ရပ်နားစခန်းကြီးအတွင်းတွင် ပေ ၂၀၊ ပေ ၆၀ ရှိ ကုန်တင်ကားအစီး ၃၀၇ စီး၊ ပေ ၄၀ ၊ ပေ၅၀ ကားစက်ပြင် အလုပ်ရုံ နှစ်ခန်းတွဲ ရှစ်လုံး၊ ပေ ၂၀ ၊ ပေ ၄၀ ရှိ ကားရေဆေး၊ ဆီလိုက်နှစ်ခန်းတွဲ ၁၀ လုံး ပေ ၄၀ ပတ်လည်ရှိ စားသောက်ဆိုင်အဆောက်အအုံ နှစ်ခန်းတွဲ ရှစ်လုံး၊ ၁၆ ပေ၊ ပေ ၃၀ ရှိ အများသုံးရေအိမ်နှင့် ရေချိုးခန်း ၁၂ ခန်းတွဲ ၁၂ လုံး တည်ဆောက်သွားမည် ဖြစ်သည်။

အဆိုပါ အဆောက်အအုံများ ပြီးစီးပွားပါက တည်ခိုခန်းနှင့် ဧည့်ရိပ်သာများပါ စီမံကိန်းအတွင်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။