/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, June 15, 2012

.

၁၅ရက်နေ့ မနက်ပိုင်း စစ်တွေမြို့ သတင်း..


ဓာတ်ပုံ.. ကို Aye Maung (Facebook) (၁၅ရက်နေ့ မနက် ၁နာရီခန့်က ဘင်္ဂလီများ၏ မီးရှို့မှုကြောင့် မြို့သူကြီးရပ်ကွက် မီးလောင်မှု မြင်ကွင်း)

(စစ်တွေသတင်း) ရခိုင်အမျိုးသား တဦး၏ ဖုန်းဖြင့် ဆက်သွယ်ပြောကြားမှု

စစ်တွေမြို့မှာ တည်ငြိမ် အေးချမ်းနေပြီဟုဆိုသော်လည်း ၁၅ရက်နေ့ မနက် ၁နာရီခန့်က စစ်တွေ ကမ်းနားရှိ နေအိမ်များအား ဘင်္ဂလီရိုဟင်ဂျာများမှ စက်လှေဖြင့် လာရောက် မီးရှို့သဖြင့် အိမ်အတော်များများ မီးလောင်ကျွမ်းခဲ့ရတယ်လို့ ဆိုပါတယ်..။ ပုဒ်မ ၁၄၄ ထုတ်ထားခြင်းနှင့် ရခိုင်ပြည်သူများထံမှ လုံခြုံရေးအကြောင်းပြချက်ဖြင့် တုတ်၊ ဓားများ သိမ်းဆည်းထားသဖြင့် စစ်တွေမှ ပြည်သူများ မိမိကိုယ်ကိုယ် ကာကွယ်ရန် အခက်အခဲ တွေ့နေရသည်ဟု ဆိုသည်.။

စစ်တွေမြို့လယ်ခေါင်မှ ဘင်္ဂလီ အင်ဘာလာ ရပ်ကွက် (အောင်မင်္ဂလာရပ်ကွက်) အား လုံခြုံရေးအတွက် စစ်တပ်နှင့် လုံခြုံရေးများမှ ပြောင်းရွှေ့ပေးရန် ညှိနှိုင်းရာမှာ ဘင်္ဂလီများမှ လက်မခံသည့် အတွက် ညှိုနှိုငးမရ ဖြစ်နေပြီး လုံခြုံရေးအတွက် အန္တရာယ် ရှိနေသည်ဟု သိရသည်..။ ဘင်္ဂါလီများမှ ပင်လယ်ဘက်မှ စက်လှေများဖြင့် ဝင်ရောက် မီးရှို့ရန် ကြံစည်နေမှုများကြောင့် စစ်တွေမြို့သားများ စိုးရိမ်ပူပန်လျှက်ရှိပြီး စစ်တပ်မှလည်း မသကာင်္ဖွယ် စက်လှေများအား ခြောက်လှန့်ပစ်ခတ်နေရသည်ဟု သိရသည်။

ဒီမိုဝေယံ

ယနေ့ 7Day News Journal မှာလည်း အောက်ပါအတိုင်း ရေးသားထားပါတယ်..

စစ်တွေမြို့တွင် တည်ငြိမ်နေပြီဟု ပြည်နယ်အစိုးရက သတင်းစာ ရှင်းလင်း ပွဲပြုလုပ်ကာ ကြေငြာခဲ့သော်လည်း ယနေ့နံနက် သန်းခေါင်ကျော် ၁ နာရီခန့် က စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်၊ ဘဖြူလမ်းအနီးတွင် ဘင်္ဂါလီ လူမျိုးများ က ဒီဇယ်လောင်း၍ မီးရှို့မှုကြောင့် အိမ်ခြေ ခုနှစ်ဆယ်ကျော် မီးလောင်ကျွမ်း ခဲ့သည်။

မီးလောင်နေချိန်တွင် ဘင်္ဂါလီများ ပင်လယ်ဖက်မှ ကမ်းခြေသို့ ချဉ်းကပ်လာ မှုကြောင့် ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်မောင်းထုတ်ခဲ့ရ သည်။ ပြည်သူ လူထုသည် ညမထွက်ရအမိန့်ထုတ်ပြန်ထားသော်လည်း မိမိတို့နေအိမ် ရပ်ကွက်များ လုံခြုံရေးအတွက် အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေခဲ့ကြသည်။

ယခု ၁၅ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်အနီး၊ ပင်လယ်အတွင်း မသင်္ကာဖွယ် လှေတစ်စီးချဉ်းကပ်လာသည့်အတွက် လုံခြုံရေးတပ်ဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်ခြောက်လှန့်မောင်းထုတ်ခဲ့သည်။

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။