/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, May 25, 2012

.

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း


ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ (၅) ရပ်ကွက်၊ (၉) မိုင်၊ ပြည်လမ်း၊ အမှတ် (၂၆) တွင် ပါတီရုံးချုပ်တည်ရှိသော ရှမ်းတိုင်းရင်းသားများ ဒီမီမိုကရေစီအီအဖွဲ့ချုပ် က နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၂၃-၅-၂ဝ၁၂ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့ လျှောက်ထား ရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြ ပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါ သည်။

ယင်းအဖွဲ့အစည်းက အသုံးပြုမည့် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ယခုကြေညာ သည့်နေ့မှစ၍ ခုနစ်ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ လာရောက်ကန့်ကွက်နိုင်ပါ ကြောင်း၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း နည်း ဥပဒေများ ၁၄ (ဃ) အရ အများသိစေရန် ကြေညာ အပ်ပါသည်။

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။