/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 22, 2012

.

အရေးပေါ်လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လာပါက ရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာ ၈ နေရာတွင် လုံခြုံရေး မီးပေးနိုင်ရန် မီးစက်များထားရှိ


အရေးပေါ် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လာပါက ရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာ ၈ နေရာတွင် လုံခြုံရေးမီး၊ လမ်းမီးများ ပေးနိုင်ရန် မီးစက်များထားရှိပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က မေလ ၁၉ ရက်နေ့က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ အရေးကြီးနေရာများကို အုပ်စုသီးခြားသတ်မှတ်ကာ လျှပ်စစ်မီး ပေးသွားမည် ဖြစ်သော်လည်း လူစည်ကားရာနေရာများတွင် အရေးပေါ် လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်လာပါက ချက်ချင်းမီးပြန်ပေးနိုင်ရန် မီးစက်ကြီးများကို ထားရှိစီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

''အရေးကြီးနေရာတွေ ဖြစ်တဲ့ ဆေးရုံ၊ ကျောင်း၊ ရဲစခန်း၊ လေဆိပ်၊ ဘူတာကြီးတွေကို ၂၄ နာရီ လျှပ်စစ်မီးပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီလို ဓာတ်အားပေးတဲ့အခါမှာ အရေးကြီးတဲ့ နေရာတွေကို မီးပေးထားမှာ ဖြစ်သော်လည်း မီးပွိုင့်တွေလိုမျိုး လူစည်ကားတဲ့ နေရာတွေမှာ အရေးပေါ် မီးပြတ်သွားရင် လုံလုံခြုံခြုံ သွားလာနိုင်ဖို့၊ လုံခြုံရေးမီး၊ လမ်းမီးတွေ ပေးနိုင်ဖို့ မီးစက်ကြီးတွေကို နေရာ ၈ နေရာမှာ တပ်ဆင်ချထားပြီး ဖြစ်ပါတယ်။

ကျွန်တော်တို့ဆီမှာ အရံမီးစက် ၁၀လုံး ရှိပါသေးတယ်။ လိုအပ်ရင် ပိုချသွားဖို့ ရှိပါတယ်'' ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က ပြောကြားခဲ့သည်။

မီးစက်ကြီးများ တပ်ဆင်ထားသည့် နေရာအချို့မှာ ပြည်လမ်းနှင့် လှည်းတန်းလမ်းဆုံ၊ ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော် လမ်းထောင့်၊ ဆူးလေဘုရားလမ်း (ဗဟိုဘဏ်ဘေး)နှင့် သာကေတအ၀ိုင်း စသည့်နေရာများ ဖြစ်ကြောင်း သိရှိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။