/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, May 18, 2012

.

သုံးခွမြို့ နယ်တွင် လျှပ်စစ်မီးရရှိရေး ဆန္ဒပြတောင်းဆို

ရန်ကုန်တိုင်း သုံးခွမြို့နယ်တွင် လျှပ်စစ်မီးပြတ်တောက်သဖြင့်သုံးခွလူထုမှလျှပ်စစ်ရုံးရှေ့တွင် လူအင်အားနှစ်ရာကျော်ခန့်ဖယောင်းတိုင်မီးထွန်းပြီး ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုကြပါသည်။

မီးရရှိချိန်အလွန်နည်းနေသဖြင့်ဖုန်းဆက်မေးမြန်းသောအခါ ၁၄ ရက်နေ့တွင် မြို့ပြည်သူလူထုမှလက်မှတ်ရေးထိုးဆန္ဒပြုသဖြင့် မီးပေးချိန်တစ်ဝက်ကိုလျှော့ချသည်ဟု တာဝန်ရှိသူမှပြန်လည်ပြောကြားခဲ့ရာတွင် မြို့နေလူထုမှ ၁၇-၅-၂၀၁၂နေ့ ည၈နာရီကျော်ခန့် တွင်ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်၊

မြို့ နေ ပြည်သူလူထုပေါင်းများစွာ လာရောက်ပူးပေါင်း ခဲ့ သဖြင့် ၁ နာရီခန့် အကြာတွင် လျှပ်စစ်မီး ပြန်လည်ပေးခဲ့ ကြောင်းသိရပါသည်။

Myanmar News Now


လျှပ်စစ်မီး ရရှိရေး ဆန္ဒပြနေတဲ့ သုံးခွမြို့ ပြည်သူများ

ဖရောင်းတိုင်မီးများထွန်းညှိ ဆန္ဒပြ

လျှပ်စစ်မီးပြတ်တောက်မှုကို ဆန္ဒပြနေကြစဉ်

သုံးခွမြို့ နယ် လျှပ်စစ်ရုံး

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။